အပိုင်း (၉၀)

293 22 0
                                    

ချင်ကျင်းက သွေးဓားဘုရင်အား နက်ရှိုင်းစွာစိုက်ကြည့်လိုက်ပြီးနောက်တွင် ပြုံး၍ ပြောလိုက်သည်:

"ခင်ဗျားရိုးသားလား မရိုးသားလားဆိုတာကို ကျုပ်ဘယ်လိုသိမှာလဲ... နောက်ခရီးမှာ ခင်ဗျားကိုစမ်းသက်ပြီး တော်၀င်မြို့တော်ကို ရောက်မှ ဒီကိစ္စကို ဆုံးဖြတ်ချက်ချတော့မယ်"

ထိုအခါ သွေးဓားဘုရင်က ပျော်ရွှင်သွားပြီး လက်နှစ်ဖက်ကို အမြန်ဆုပ်ကာ ကျေးဇူးတင်လိုက်သည်:

"အခွင့်အရေးပေးတဲ့အတွက် အရှင့်သားကို ကျေးဇူးတင်ပါတယ်"

ဤနေရာတွင် ချင်ယွီသာဆိုပါက ရန်သူကို အမြစ်ကနေ သုတ်သင်ကာ ဖယ်ရှားပစ်မည်ဖြစ်သည်။ သို့သော် ချင်ကျင်းသည်တော့ ချင်ယွီလောက် မရက်စက်နိုင်သောကြောင့် သွေးဓားဘုရင်ကို အခွင့်အရေးပေးခဲ့သည်။ ဤသို့သောမင်းသားမျိုးက ပိုမိုကာ စိတ်ချရလေသည်။

ကျားနှင့်တူသော ပြိုင်ဘက်ရှိခြင်းက သင့်အတွက် မကောင်းပေ။

သို့နှင့် သွေးဓားဘုရင်ပြန်သွားပြီးနောက်တွင် သူတို့အဖွဲ့ဆက်၍ ခရီးဆက်လိုက်ကြသည်။ ဤအချင်းအရာသည် သူတို့ကြားထဲ၌ ကတောက်ကဆများမဖြစ်သွားစေခဲ့ပေ။

ချင်ယွီအားဖယ်ရှားပြီးနောက်တွင် ချင်ကျင်း စိတ်လက်ပေါ့ပါးနေခဲ့လေသည်။ ရွေဗဟိုနယ်ပယ်သို့ရောက်ခဲ့ သောကြောင့်လည်း ပုန်းကွယ်နေသော နဂါးသိုင်းစုရုံးပွဲအတွက် သူပို၍ ယုံကြည်ချက်ရှိလာခဲ့သည်။

ထိုနေ့တွင် သူကျင့်ကြံလိုက်၊လေ့ကျင့်လိုက် လုပ်ကာ ညနေဘက်တွင် ဖဟိုင်နှင့် ထိုက်ပိုင်ကျင်းရှင်း တို့ကို ကျင့်ကြံမှု အခက်ခဲများကိုမေးမြန်းလေသည်။ဤကဲ့သို့ ချင်ကျင်း၏ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်မှုများကို ထိုက်ပိုင်ကျင်းရှင်းနှင့် ဖဟိုင်တို့က အလွန်အားရကျေနပ်ပြီး သူတို့သိထားသမျှ အကုန်လုံးကို မချွင်းမချန်ပြောပြလိုက်သည်။ ဤသို့ဖြင့် ချင်ကျင်း၏ ခွန်အားများလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုကာ တိုးပွားလာလေတော့သည်။

ထို့နောက် ငါးရက်အတွင်းတွင်ပင် ကြိုးစားမှု၏ အသီးအပွင့်ကို ရိတ်သိမ်းနိုင်သည့်အနေဖြင့် လျှပ်တပြက်လင်းလက်ခြင်းကို ချင်ကျင်း ဆန္ဒရှိသလို အသုံးပြုနိုင်လာသည်။ သူ၏ ခွန်အားမှာ တောင်ငယ်လေးကိုပင် ဆယ်မီတာရှည်သည့် လိုဏ်ခေါင်းဖောက်‌နိုင်နေသည်။ ဤသည်မှာ မင်းသားတစ်ပါးမဟုတ်တော့ဘဲ စွမ်းအားရှင်တစ်ယောက်ဖြစ်လာာလေပြီ။

ဂန္တဝင်စနစ်Donde viven las historias. Descúbrelo ahora