တော်၀င်မြို့တော်မှ စစ်သည်များကို ဦးဆောင်ပြီး ကွမ်ယု ထွက်ခွာသွားသည်။ ဤသတင်းမှာ အလျှင်အမြန်ပင် ပျံ့နှံ့သွား၏။ထို့ကြောင့် လူတိုင်း ၊ရှောင်းပိုင်လုံအား တစ်ချက်တည်းဖြင့် သတ်လိုက်သော ကွမ်ယုမှာ ကျောက်စိမ်းမြို့တော်ကို စစ်သည် ၁၀၀၀၀၀ နှင့် ကာကွယ်ရန်သွားရောက်သည်ကိုသိသွားကြသည်။
စစ်သူကြီးများကြားတွင် ကွမ်ယုကဲ့သို့ စစ်သည် ၁၀၀၀၀၀ ကို ဦးဆောင်ရသော စစ်သူကြီးမှာ လက်ငါးချောင်းပင်မပြည့်ပေ။
ကောင်းကင်လနိုင်ငံ၏ စစ်တပ်အင်အားမှာလည်း ၁ သန်းပင်မပြည့်ပေ။
ကွမ်ယုသာ ကျောက်စိမ်းမြို့တော်၌ အနာဂါတ်၌ အမှားအယွင်းမရှိစွမ်းဆောင်နိုင်ပါက နန်မုန့်နှင့် သေချာပေါက် သူယှဉ်နိုင်လာလောက်သည်။ သို့သော် ကွမ်ယု ၏ ခွန်အားမျိုးဖြင့် အမှားများပြုလုပ်မိရန်မှာလည်း ခက်ခဲလှသည်။ သူ၏ ခွန်အားမှာ တစ်ယောက်တည်းဖြင့် စစ်သည် ၁ သန်းနှင့်ပင်ညီမျှသည်။
သို့ဖြင့် ကွမ်ယုထွက်သွားပြီးနောက်တွင် ချင်ကျင်းမှာသူ့အား ကွမ်ယုသင်ထားပေးခဲ့သော 'လျှပ်တပြက် လင်းလက်ခြင်း' ဟူသည့် သတ်ဖြတ်ခြင်းစွမ်းရည်ကို လေ့ကျင့်ရာ၌ သူ့ကိုယ်သူနှစ်မြုပ်ထားလျက်ရှိသည်။
လျှပ်တပြက် လင်းလက်ခြင်းမှာ တည့်တိုးတိုက်ရသော တိုက်ကွက်တစ်မျိုးဖြစ်သည်။ ၎င်းမှာ ထိုးဖောက်ရတော့မည့်အချိန်၌ စိတ်ဝိညာဉ်စွမ်းအားရောင်ခြည်ကိုထုတ်လွှတ်ပြီး ကန့်သတ်ချက်ထက်ကျော်လွန်သည့် အမြန်နှုန်းဖြင့် ရန်သူအား တိုက်ခိုက်ခြင်းဖြစ်သည်။
ယင်းမှာ ရိုးရှင်းဟန်ရသော်လည်း လေ့ကျင့်ရခက်ခဲလှသည်။
စိတ်ဝိညာဉ်စွမ်းအင်ကို ပေါက်ကွဲသည်အထိ လွန်ကဲစွာ ဖိသိပ်ထားရမည်ဖြစ်၍ ပေါက်ကွဲမှုသည် ပြင်းထန်သော အလင်းရောင်ကို ထုတ်ပေးမည်ဖြစ်ပြီး ခန္ဓာကိုယ်၏ အမြန်နှုန်းကိုလည်း တွန်းအားပေးရန်လိုအပ်သည်။ ၎င်းမှာလွယ်ကူရိုးရှင်းဟန်ရသော်လည်း တိုက်ပွဲအတွင်း၌မူ တစ်စက္ကန့်အတွင်းတွင်ပင် မည်သည့်အရာမဆိုဖြစ်ပျက်သွားနိုင်သည်။ ဤခက်ခဲမှုမှာ သာမန်ကျင့်ကြံသူများအတွက်တော့ သူတို့စိတ်ကူးယဉ်နိုင်သည်ထက်ပင်ကျော်လွန်နေပြီဖြစ်သည်။
VOUS LISEZ
ဂန္တဝင်စနစ်
Aventureဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...