အပိုင်း (၇၈)

274 26 0
                                    

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ် အဆင့် ၂ ရှိသော ကျားရွှမ် သည် တင်းမာနေမှုကိုသိပ်ပြီးမပြသလိုက်ပေ။ထို့နောက် ချင်ကျင်းနှင့် အခြားမင်းသားနှစ်ပါးကို ပြုံး၍ သူပြောလိုက်သည်:

"အရှင့်သားတော်တို့... မစိုးရိမ်ကြပါနဲ့... ဒီနေရာက တော်၀င်မြို့တော်နဲ့ သိပ်မဝေး‌တာကြောင့် သားရဲက သိပ်ပြီး မသန်မာလောက်ပါဘူး"

ချင်ကျင်းပြုံးလိုက်၏။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ် အဆင့် ၈ ဖြစ်တဲ့ငါတောင် နားအူသွားတာကို သိပ်ပြီး မသန်မာဘူးတဲ့လား..

မည်သို့ပင်ဖြစ်စေ ကာကွယ်ပေးမည့် အစောင့်များရှိသောကြောင့် ချင်ကျင်းပျော်ရွှင်သွားသည်။

မကြာခင်တွင် မြေပြင် အနည်းငယ်တုန်ခါလာခဲ့ပြီး ၎င်းမှာ မိစ္ဆာသားရဲချဉ်းကပ်လာပြီဆိုသည်ကို သိသာထင်ရှားသွားစေသည်။ မိစ္ဆာချီများက ပတ်ပတ်လည်ရှိသစ်ရွက်များကို ကြွေကျသွားစေသည်။

ထိုအခါ ချင်ယွီနှင့် ချင်ယွင်သို့ ကြောက်ကြောက်လန့်လန့်နှင့် စစ်သည်များနောက်တွင်ပုန်းလိုက်ကြသည်။ ဤမြင်ကွင်းကချင်ကျင်းကို ခေါင်းခါရမ်းစေလိုက်သည်။ သူတို့အား ပန်းခြံထဲမှ ပန်းလေးများဟုပြော၍ရသည်။ သို့‌ဆိုလျှင်‌ အဘယ်ကြောင့် ပုန်းကွယ်နေသော နဂါး သိုင်းစုရုံးပွဲ၌ ၀င်ပြိုင်ရန် ဆုံးဖြတ်လိုက်ကြပါသနည်း။

"ဝံပုလွေ သေးသေးလေးက မိစ္ဆာအမြုတေကို ဖွဲ့စည်းသွားနိုင်မယ်လို့ မထင်ထားဘူး"

ရုတ်တရက် ချင်ကျင်း၏ ခြေထောက်နားမှ မဟာကောင်းကင်ဘုံခွေးက ပြောလိုက်သည်။ မိစ္ဆာသားရဲတစ်ကောင်သာ မိစ္ဆာအမြုတေရှိသွားပါက ရွှေဗဟိုနယ်ပယ်သို့ရောက်သွားမည်ဖြစ်သည်။ လူသားမျိုးနွယ်တွင်တော့ ရွှေဗဟိုကို ဖွဲ့စည်းသွားကြသည်။ လူသားမျိုးနွယ်ကလည်း မိစ္ဆာအမြုတေဖွဲ့စည်းသွားနိုင်သော မိစ္ဆာသားရဲများကို ရွှေဗဟိုနယ်ပယ်ဟု ခေါ်ဆို သမုတ်ကြသည်။ (လူကို  အမြုတေလို့မသုံးချင်လို့ တကယ်က မိစ္ဆာနဲ့လူ အတူတူပဲ Coreဆိုတော့ )

ထိုအခါ ချင်ကျင်း၏ မျက်လုံးများတောက်ပသွားသည်။ နောက်ဆုံးတော့ မိစ္ဆာသားရဲများ၏ အဆင့်တက်ပုံကို သူသိရလေပြီ။

ဂန္တဝင်စနစ်Où les histoires vivent. Découvrez maintenant