အပိုင်း (၄၀)

404 32 0
                                    

"ဒါပေါ့။ ငါသူ့ကို လာရှာတာ ကိစ္စရှိလို့ပေါ့။"

နန်ယုရှင်းသည် သူမ၌ ခိုင်လုံသော အကြောင်းပြချက်ရှိသကဲ့သို့ စိတ်လှုပ်ရှားနေသည့် မျက်နှာထားဖြင့်ပြောလိုက်သည်။ သူမ၏ မျက်လုံးတစ်စုံသည် ကျင်းသခင်လေးအား ရှာနေသည့်အလား ပထမ ထပ်အား ‌ထောင့်စေ့အောင် ကြည့်လိုက်သည်။

ဆိုင်ရှင်သည်:

"မင်းသမီးမှာ ကျင်းသခင်လေးနဲ့ ချိန်းထားတာရှိတယ်ဆိုရင်လည်း ကျေးဇူးပြု၍ ဒီမှာပဲ စောင့်နေပေးပါ"

ထိုအခါ နန်ယုရှင်း ကသိကအောက် ဖြစ်သွားရ၏။ သူမသည် ကျင်းသခင်လေးအား ရှာလိုက်ချင်သော်လည်း ဤသို့ လှလှပပ တားဆီးခြင်းကိုခံလိုက်ရလေပြီ။ ဤနေရာတွင် မြေခွေးအိုကြီး တစ်ကောင်ရှိမည်ဟု မည်သူက ထင်‌မည်နည်း။

"ရှင် ကျွန်မကို သူ့အခန်းဘယ်ဟာလဲဆိုတာဘဲ ပြောလိုက်ပါ"

နန်ယုရှင်းက ကောင်တာသို့ လျှောက်သွားလိုက်ပြီး ပြုံး၍ ပြောလိုက်၏။ သို့ရာတွင် သူမ၏ အပြုံးမှာ ခြိမ်းခြောက်မှု တစ်ခု‌ဖြစ်ကြောင်းသိသာထင်ရှားလှပေသည်။

ဆိုင်ရှင်အတွက် ပို၍ ဒုက္ခရောက်လေရတော့သည်။ ချင်ကျင်းအား သူ၏ မျက်နှာသာပေးမှုကို အပထား။ အကယ်၍ သူချင်ကျင်း၏ အချက်အလက်ကိုသာထုတ်ဖော်မိလိုက်မိပါက ဤနားခိုရာ တည်းခိုခန်း တစ်ခုလုံး ချက်ချင်းပြာကျသွားနိုင်သည်။

"ဟမ့်"

ဤသို့ဖြင့် တတိယထပ် စင်္ကြန်လမ်း ပေါ်မှ အေးစက်စက် နှာရှုံ့သံတစ်ချက်ပေါ်လာသည်။ နန်ယုရှင်းလှည့်ကြည့်လိုက်သောအခါ အဖြူရောင်၀တ် လူငယ်တစ်ဦး ဆင်းလာသည်ကိုတွေ့လိုက်ရသည်။ လူငယ်လေး၏ မျက်နှာတွင် အဖြူရောင်အ၀တ်စတစ်ခုရှိနေပြီး သူ၏ မျက်လုံးများကိုသာ ထုတ်ဖော်ထားသည်။ ထိုသူမှာ ချင်ကျင်းပင်ဖြစ်၏။

ဤအဖြူရောင်အ၀တ်စမှာမူ တဂျီထံမှ ငှားယူလာခြင်းဖြစ်သည်။

နန်ယုရှင်း၏ မျက်လုံးများအရောင်တောက်သွားသည်။ အခြေခံအုတ်မြစ်တည်‌ ဆောက်ခြင်းနယ်ပယ်အား တက်ရောက်သွားခဲ့ပြိီး ဖြစ်သောကြောင့် ချင်ကျင်း၏ အသားအရည်သည် ဖြူဖွေးနေပြီး သူ၏ မျက်၀န်းများသည်လည်း ညကောင်းကင်အလား နက်မှောင်နေသည်။ အဖြူရောင်အ၀တ်စကို ၀တ်ဆင်ထားသော ချင်ကျင်း၏ ပုံစံမှာ ချောမောသော သူ၏ ရုပ်ရည်ကို ဖုံးကွယ်ထားသော သခင်လေးတစ်ယောက်အလား ဖြစ်နေစေသည်။

ဂန္တဝင်စနစ်Donde viven las historias. Descúbrelo ahora