အချို့လူများက ကျန့်ဟူ အကြောင်းပြောကြသည်။ ကျင့်ကြံသူများသည် ကျန့်ဟူတွင် ပို၍ များပြားလေသည်။
နားခိုရာတည်းခိုခန်းတွင် ဖြစ်ပျက်သွားသည့် အရာများမှာ တော်၀င်မြို့တော် တစ်ခုလုံးသို့ တမဟုတ်ခြင်း ပြန့်နှံ့သွားခဲ့လေသည်။ ပထမဆုံးအနေဖြင့် ပဉ္စမ မင်းသားကိုပင် မျက်နှာသာမပေးသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားရှင်။ နောက်ထပ်အနေနှင့် ထိုစွမ်းအားရှင်အား သိမ်းသွင်းလိုက်သည့် ကျင်းသခင်လေး။ ထို့နောက် ကျင်းသခင်လေးဘက်၌ ရှိနေသော သူတော်စင်စိတ်ဝိညာဉ်အမြစ်နှင့် ပါရမီရှင်။
ဤသတင်းများသည် မြို့တွင်းရှိ ကျင့်ကြံသူများအားလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့ပြီး ကျင်းသခင်လေး၏ အမည်နာမသည်လည်း ပိုမို ကျော်ကြားလာခဲ့ပေသည်။
ကျင့်ကြံသူများ၏ သာမန်စကားဝိုင်းများမှာလည်းကျင်းသခင်လေးအကြောင်းသာဖြစ်လာခဲ့လေသည်။ နှစ်နိုင်ငံ ထိပ်တိုက်တွေ့ဆုံပွဲသည် စတင်ဖို့ရန် ရက်အနည်းငယ်သာလိုတော့သည်ဖြစ်သောကြောင့် တော်၀င်မြို့တော်သို့ ပွဲကြည့်ရန် ၊ကျင့်ကြံသူများ တစ်နေ့ထက် တစ်နေ့ ပို၍ဝင်ရောက်လာနေကြသည်။ထိုနည်းတူ ကျင်းသခင်လေး၏ သရုပ်မှန်အား သိလိုကြသူများမှာလည်းပို၍များပြားလာခဲ့သည်။ထိုထဲတွင် မဟာဂိုဏ်းကြီးများနှင့် မိသားစုများပင် အပါအဝင်ဖြစ်သည်။
ပြီးနောက် ကျင့်ကြံသူများ၏ ပါးစပ်ကြားတွင် ကွမ်ယု၏ အမည်သည် ဟိုးလေး တကြော်ကြော်ဖြစ်လာပြီး သူသည် ကြောက်မက်ဖွယ်ရာ လူတစ်ယောက်အဖြစ်နာမည်ကျော်ကြားလာခဲ့လေသည်။
ကံကောင်းထောက်မစွာဖြင့် ကောင်းကင်လနိုင်ငံသည် ဖြောင့်မတ်သော လမ်းစဉ်ဖြစ်နေလေသည်။ သို့ရာတွင် ၎င်းသည်လည်း ကောလာဟလများကို မည်သို့မှ တားဆီးနိုင်ခြင်းမရှိပေ။
ထိုနေ့ပြီးနောက် ဒုတိယနေ့၊ အင်ပါယာနန်းတော်ရှိ မင်းသားများအကြားတွင် ချင်ယွီ တစ်ယောက်သာ ဘုရင့်နန်းတော်ထဲတွင် နေခွင့်ရရှိပြီး သူ့အားထူးခြား၊ အရေးပါသူဖြစ်လာစေခဲ့သည်။
YOU ARE READING
ဂန္တဝင်စနစ်
Adventureဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...