အပိုင်း (၆၆)

305 33 0
                                    


"အရှင့်သားက တတိယမင်းသားဖြစ်နေရင်တောင် အရှင်မင်းကြီးရဲ့လက်အောက်က စစ်တန်းလျားမှာ လာမရိုင်းစိုင်းသင့်ဘူး"

အခြေအနေတင်းမာနေသည့် အချိန်၌ အ၀တ်မဲ့နေသော အသားညိုညို လူသန်ကြီးတစ်ယောက်က အော်လိုက်သည်။ သူ၏လေသံမှာ အလွန်ဒေါသထွက်နေဟန်ရပြီး အရပ်မျက်နှာအဘက်ဘက်၌လေ့ကျင့်ခန်းဆင်းနေကြသော အစောင့်များပင်စုရုံးလာကြသည်။

ကောင်းကင်မှာ မှောင်သထက် မှောင်လာခဲ့လေပြီ။ဤစစ်သည်များမှာ ချင်ကျင်းအား သားရဲတစ်ကောင်ကဲ့သို့ မျက်လုံးနီကြီးများဖြင့်ကြည့်လိုက်ကြသည်။

"မင်းရဲ့ ရာထူးကဘာလဲ"

ချင်ကျင်းမေးလိုက်သည်။ အခြားတစ်ဘက်မှလူသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ် အဆင့် ၁ ဖြစ်သော်လည်း သူမကြောက်ပေ။ တော်၀င်မြို့တော်ထဲ၌ သူမလုပ်ရဲတာ ဘာမှမရှိ။

"သူက နည်းပြ ကျိုးလီထုံပါ... ဒီက စစ်သည်အားလုံးက သူ့ထိန်းချုပ်မှုအောက်မှာရှိတယ်"

ချင်ယွီရယ်မောလိုက်သည်။ ကျိုးလီထုံမှာ သူ့လူဖြစ်ပြီး ၊ယင်းကြောင့် စစ်သည်တန်းလျားတစ်ခုလုံးမှာ သူ့အပိုင် ဖြစ်သည်ဟူ၍ အဓိပ္ပာယ်ရသည်။ ယခု ချင်ကျင်းမှ ကျိုးလီထုံအား စိတ်ခုသွားစေမိပြီဖြစ်သောကြောင့် သူ့အတွက် စစ်သည်ရွေးချယ်ရန်မှာ အလွန်ခဲယဉ်းတော့မည်ဖြစ်သည်။ အကယ်၍ ၎င်းမှာ ဧကရာဇ်ကန်း၏ အမိန့်ဖြစ်လျှင်တောင် ကျိုးလီထုံမှာ ငြင်းပယ်လိမ့်မည်။

"ပြီးတော့ကော... ခမည်းတော်က ငါ့ကို စိတ်ကြိုက်ရွေးချယ်ခွင့်ပြုလိုက်တာကို နည်းပြက ခွင့်မပြုဘူးပေါ့လေ"

ချင်ကျင်း ကိုယ်ဟန်အမူအရာကင်းမဲ့စွာပြောလိုက်သည်:

"အဲ့ဒီလိုဆိုမှတော့ ခမည်းတော်ကို ဒီကိစ္စကို ပြန်လျှောက်တင်ရသေးတာပေါ့"

ထိုသို့ပြောပြီးနောက် ချင်ကျင်းလှည့်ထွက်သွားလေသည်။ ထိုအခါ စစ်သားဟောင်းနှင့် ရှန်းယန်တို့မှာ သူ့နောက်သို့ အလျှင်အမြန်လိုက်သွားရသည်။

"အရှင့်သား... နေပါဦး"

"အရှင့်သား... ကျုပ်ရဲ့ တပ်က လူနှစ်ရာကိုပေးပါမယ်... မသွားပါနဲ့"

ဂန္တဝင်စနစ်Where stories live. Discover now