အပိုင်း (၉၉)
"ဟွန့်၊ ငါလည်းနမ်းရဲတယ်။"
လုံနူက ချင်ကျင်းကိုနမ်းပြီးသည့်နောက်တွင် တဂျီအား ဤသို့ပြောလိုက်သဖြင့် တဂျီကို ထွက်ပြေးချင်စိတ်များပင်ပေါက်သွားစေသည်။
ထို အမျိုးသမီးနှစ်ယောက်လုံးမှာ ဗလာအသွင်ပြောင်းခြင်းနယ်ပယ်စွမ်းအားရှင်များဖြစ်ကြသည်။ အကယ်၍ သူတို့သာတိုက်ခိုက်ကြပါက ကီလိုမီတာအနည်းငယ်လောက် မြေတီးခေါင်လွင်ပြင်ကြီးဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ချင်ကျင်း ၀င်တားရတော့သည်:
"ကောင်းပြီ... လူတိုင်းက အနာဂါတ်မှာ တစ်ဖွဲ့တည်းဖြစ်လာကြမှာပဲ.. အခုတော့ခရီးဆက်ရအောင်... ပုန်းကွယ်နေသော နဂါး သိုင်းစုရုံးပွဲက စတော့မယ်"
တစ်ချိန်တည်းတွင် အမျိုးသမီးနှစ်ယောက်ကြား၌ရှိ လေထု အနည်းငယ်ထူးဆန်းနေသည်ကို သိသော ကျားရွှမ်ကလည်း အော်လိုက်သည်:
"အားလုံးပဲ ခရီးဆက်ကြမယ်ဟေ့"
ဤသို့ဖြင့် သူတို့အဖွဲ့ခရီးဆက်လိုက်ကြသည်။ ယခု လုံနူ၏ ပါ၀င်လာမှုကြောင့် လေထုက ဖိနှိပ်ထားခံထားရသည်။ လုံနူ၏ ခမည်းတော်မှာ အရှေ့ပင်လယ်နဂါးဘုရင်ကြီးဖြစ်သည်။ သူတို့ တောင်ပိုင်းအရှေ့ပင်လယ်မှာ မည်မျှကြီးမသည်ကိုမသိသော်လည်း နိုင်ငံထက် ကျော်လွန်သည့် တည်ရှိမျိုးဖြစ်ရမည်ကိုတော့သိကြ၏။ နဂါးများ၏ ဘုန်းအသရေမှာ အလွန်ကြီးမားလှပြီး နဂါးမျိုးနွယ်တစ်ခုလုံးကို အပြစ်ပြုရန် သူတို့ မဝံ့ရဲပေ။
ယန်လန်ပင် လုံနူကြားသွားမည်ကိုစိုးသောကြောင့် ချင်ကျင်းအကြောင်းကို တီးတိုးပြောဆိုခြင်းမပြုတော့ပေ။
၎င်းမှ အမျိုးသမီးများကို အမျိုးသမီးများ ပြန်ဖိနှိပ်ခြင်းက အမျိုးသမီးများကို အမျိုးသားများဖိနှိပ်သည်ထက် ပို၍သာလွန်သည်ဟု ပြောနိုင်သည်။
"အကိုကြီးချင်ကျင်း... ကျွန်မကို လုံနူလို့မခေါ်ပါနဲ့ ရှောင်းလီလို့ပဲခေါ်ပါ"
ချင်ကျင်း၏ ရင်ခွင်ထဲ၌ရှိနေသော လုံနူက ပြုံး၍ သူမကို ရှောင်းလီဟု ယခုမှစ၍ ခေါ်ရန်ပြောလိုက်သည်။
ESTÁS LEYENDO
ဂန္တဝင်စနစ်
Aventuraဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...