အပိုင်း (၁၁၁)
"အဲ့ဘက်က အစွမ်းထက်တဲ့လူတစ်ယောက် ဒီဘက်ကိုလာနေတယ်"
တကျီက မိုးကုပ်စက်ဝိုင်းအလွန်ရှိ မိစ္ဆာသားရဲများကို ရိုက်ထုတ်နေသော လူကိုကြည့်ပြီးပြောလိုက်သည်။ သူ၏အသံမှ ဒေါသထွက်နေမှုများကို အတိုင်းသားကြားနေနိုင်လေ၏။
ထိုအခါ ကျားရွှမ်နှင့် ချင်ယွင်တို့ ကြောက်ဒူးတုန်သွားကြသည်။ တဂျီ၏ ကြောက်စရာကောင်းပုံကိုသူတို့သိကြသည်။ ယခု သူမ ပင် အလေးထားနေရသည်ကိုကြည့်ခြင်းအားဖြင့် တစ်ဘက်လူမှာ မည်သို့မှ ရိုးရှင်းမည်မဟုတ်ပေ။
တစ်ဘက်၌မူ ချင်ကျင်းစိတ်လှုပ်ရှားသွား၏။ထိုလူမှာ လီယွမ်ဘ ဖြစ်နိုင်မည်လောဟုလည်းတွေးလိုက်သည်။
လီယွမ်ဘ၏ မောက်မာထောင်လွှားသော စိတ်နေစိတ်ထားကို ကြည့်ခြင်းအားဖြင့် ယခု လာနေသောသူမှာ လီယွမ်ဘ ဖြစ်သည်မှာ ၈၀ ရာခိုင်နှုန်းသေချာနေလေသည်။
"လီယွမ်ဘ... မင်းရဲ့ ရွှေဆောင်ပံဂဠုန်အသွင်က ဘယ်လောက်ကြမ်းတမ်းလဲဆိုတာကို ကြည့်ကြသေးတာပေါ့"
ချင်ကျင်းက လီယွမ်ဘ၌ ရွှေတောင်ပံဂဠုန်အသွင်ရှိသည်ကို သတိရသွားပြိး ၎င်းကိုကြည့်ရဖို့ရန် မျှော်မှန်းလိုက်သည်။
ဘွန်း--
ရုတ်တရက် မိုးကုပ်စက်ဝိုင်းအလွန်မှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါများထွက်လာပြီး မရေမတွက်နိုင်သောမိစ္ဆာသားရဲများကို လွင့်ပျံသွားစေလေသည်။ ထို့နောက်မိစ္ဆာသားရဲများ၏ ခန္ဓာကိုယ်များ အပိုင်းပိုင်းဖြစ်သွားသည်အထိ ရိုက်ခံလိုက်ရသည်ကို သူတို့မြင်လိုက်ကြရသည်။ ထိုလူက မိစ္ဆာပင်လယ်ကြီးအား အတင်းတိုးဖောက်ပြေးသွားလိုက်သည်။ မိစ္ဆာသားရဲများက ကြောက်လန့်တကြား ဘေးသို့အလျှင်အမြန်ကျဲသွားကြ၏။
"အဲ့ဒါ မိစ္ဆာဘုရင်လား"
စစ်သားတစ်ယောက်က တံတွေးကိုအတင်းမြိုချပြီး ပြောလိုက်သည်။ မည်သို့သောကျင့်ကြံသူက ဤမျှကြမ်းတမ်းနိုင်ပါမည်နည်း..။
စက္ကန့်အနည်းအငယ်အကြာ၌ အကွာအဝေးကနီးကပ်လာသောအခါ ထိုကြမ်းတမ်းသောလူကို သူတို့မြင်တွေ့လိုက်ကြရသည်။ ချင်ကျင်းမှာတော့ သူ့ကိုမြင်လိုက်ရသောအခါ ပျော်ရွှင်သွားပြီး ၊သူနှင့်ဆန့်ကျင်ဘက်အနေဖြင့် လူတိုင်းကတော့ ကြက်သေသေသွားကြ၏။
ŞİMDİ OKUDUĞUN
ဂန္တဝင်စနစ်
Maceraဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...