အပိုင်း (၁၀၈)

291 19 2
                                    

"ကိုယ့်ကိုသင်ပေး"

ချင်ကျင်းက စိတ်လှုပ်တရှားပြန်၍ပြောလိုက်သည်။ နဂါးမျိုးနွယ်၏ အသွေးအသားခန္ဓာကိုယ်မှာ မျိုးနွယ်စုများထဲ၌ အသန်မာဆုံးဖြစ်လေ၏။ ကောင်းကင်လနိုင်ငံ၏ ဒဏ္ဍာရီများအရ လူသားမျိုးနွယ်၀င်များ ကောင်းကင်နှင့် မြေပြင်ကိုမအုပ်စိုးခင်အချိန်ကတည်းက နဂါးမျိုးနွယ်စုက မျိုးနွယ်စုများအကြား၌ အသန်မာဆုံးသော မျိုးနွယ်စုတစ်ခုဖြစ်နေပြီး ဖြစ်သည်။

ရှောင်းလီကဲ့သို့ ငယ်ရွယ်သည့် ကောင်မလေးတစ်ယောက်သည်ပင် ဗလာအသွင်ပြောင်းခြင်းနယ်ပယ် အဆင့် ၉ သို့ရောက်နေခဲ့သည်။ ၎င်းမှာ တောင်ပိုင်းနယ်‌မြေတစ်ခုလုံးတွင် ထိပ်ဆုံးများ၏ ထိပ်ဆုံးမှ ပါရမီရှင်ဖြစ်လေသည်။

ရှောင်းလီက ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် လူတိုင်း၏ မျက်လုံးများအောက်၌ ချင်ကျင်း၏ နဖူးကို လက်ညိုးဖြင့် ထိလိုက်သည်။နောက်တစ်စက္ကန့်အကြာတွင်ပင် ချင်ကျင်း သူ၏ခေါင်းပေါက်ကွဲထွက်သွားမတတ်ခံစားလိုက်ရသည်။ တပြိုင်နက်တည်း ထူးဆန်းသော မှတ်ဉာဏ်များက သူ့စိတ်ထဲကို တဟုန်ထိုး၀င်ရောက်လာခဲ့လေ၏။

အဲ့တာပဲလား..

ထိုအခါလူတိုင်းစိတ်ပျက်သွားကြသည်။ ချင်ကျင်းအားသင်ပေးချိန်၌ သူတို့ပါ ခိုး၍သင်မည်ဟု အားခဲထားခဲ့ကြသည်မဟုတ်ပါလော။

"နဂါးမျိုးနွယ်ရဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံမှု နည်းစနစ်..."

ကျုးယန်ချင်းရေရွတ်လိုက်၏။ သူမ မည်သည်ကိုတွေးနေမှန်း မည်သူမှ မသိကြပေ။

ရဲ့ရွှမ်တို့‌‌လေးယောက်မှာ ချင်ကျင်းကို မနာလို အားကျစွာကြည့်နေကြ၏။ တစ်ချိန်တည်းတွင် ပုန်းကွယ်နေသော နဂါးသိုင်းစုရုံးပွဲ၌လည်း သူအား ဝေးဝေးရှောင်ရန် ဆုံးဖြတ်လိုက်ကြသည်။ ဤသို့သော မကောင်းဆိုးဝါးဆန်သည့် ပါရမီရှင်ကို သူတို့ မတိုက်ခိုက်လိုကြပေ။

တဂျီပြုံးလိုက်၏။ သို့သော် သူမ၏ ရင်ထဲ၌မူ အနည်းငယ်သောစိုးရိမ်စိတ်များရှိနေသေးသည်။ ရှောင်းလီကဲ့သို့ စွမ်းအားရှင်တစ်ယောက်နှင့် ကြုံရသော် ချင်ကျင်း မလွှတ်တမ်းဆွဲထားရမည်ဖြစ်သည်။

ဂန္တဝင်စနစ်Where stories live. Discover now