အပိုင်း (၄၅)

373 31 0
                                    

ဤသို့ဖြင့် တစ်ညတာ ကုန်ဆုံးသွား၏။

ကျင်းသခင်လေးကြောင့် ပဉ္စမ မင်းသား ခွေးပြေး ၀က်ပြေး ထွက်ပြေးရသည်ဟူသော သတင်းမှာလည်း တစ်ညအတွင်း နေရာအနှံ့သို့ပျံ့နှံ့သွားပြီးဖြစ်လေသည်။ ယနေ့သည် မုန်တိုင်းမလာခင် လေငြိမ်နေသည့် နှစ်နိုင်ငံထိပ်တိုက်တွေ့ဆုံပွဲဖြစ်သည်။

နောက်တစ်နေ့ နေအလင်းရောင်ကျချိန်၌ ကျင့်ကြံသူများဟု အမည်ခံထားသောသူများ အိပ်ရာမှ ထလာကြသည်။

ထိုနည်းတူ ချင်ကျင်းနှင့်အခြားသူများလည်းအိပ်ရာမှထကြပြီဖြစ်ပြီး အနက်‌ရောင်အင်္ကျီများကို ၀တ်ဆင်ထားကြလေသည်။

ယန်မော့ပိုင်နှင့်အခြားသူများကိုတော့ သွေးဓားဘုရင်၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံရမည်စိုးသဖြင့် တည်းခိုခန်း၌သာ ချန်ထားခဲ့၏။

"ဘာလို့ဒါတွေကိုမှ ၀တ်ရတာလဲ"

နားမလည်ဟန်ဖြင့် တဂျီ မေးလိုက်သည်။

"နှိမ့်ချတာလေ... ငါတို့အရင်ဆုံး လူအုပ်ကြားထဲကို၀င်ရောမယ် ပြီးရင် တကယ့်အချိန်ကိုရောက်မှလှုပ်ရှားကြမယ်... ဒီလိုဆိုရင် ဧကရာဇ်နဲ့ အခြားသူတွေက ငါတို့ကို ပိုပြီး ကျေးဇူးတင်ကြလိမ့်မယ်"

ချင်ကျင်းကပြုံးရင်းပြန်ပြောလိုက်သည်။ထိုအခါ ဦးနှောက်ထဲတွင် အကြံအစည်များဖြင့် ပြည့်နှက်နေသော ဤမြေခွေးငယ်လေးအား တဂျီကမျက်ခုံးတစ်ချက်ပင့်ပြီးကြည့်လိုက်လေသည်။

အနက်ရောင်အင်္ကျီကို ဝတ်ဆင်ထားသော ကွမ်ယုက ဂုဏ်ယူစွာပြုံးလိုက်ပြီး:

"ဒီနေ့မှာ သုံးပြည်ထောင်ချစ်ဇာတ်လမ်းထဲက သေရည်နွေး၊ ဟွာရှန်ကိုသတ်ဖြတ်ခြင်းတို့လို ကိုယ်ပိုင် ဒဏ္ဍာရီထွင်းနိုင်ခဲ့တဲ့ ယွင်ချန် လိုကျုပ်လည်း ဖြစ်ချင်တယ်"

ရူးသွပ်ခြင်း။

၁၀၀ ရာခိုင်နှုန်း ရူးသွပ်ခြင်း။

သူ့အား ချင်ကျင်းမည်သည့်အရာမျှ ပြန်၍မပြောလိုက်ပေ။သို့သော်လည်း ကွမ်ယု၏ ပါးစပ်မှဤစကားထွက်လာသည်ကိုကြားလိုက်ရသောအခါ သူ့၌ ခံစားချက်ထူးထူးဆန်းဆန်းတစ်မျိုးဖြစ်ပေါ်လာလေသည်။

ဂန္တဝင်စနစ်Onde histórias criam vida. Descubra agora