အပိုင်း (၅၇)

350 32 0
                                    


"တဂျီက သားတော်ကို အန္တရာယ်ကနေ ကယ်တင်ခဲ့ပေးပြီး... သားတော်က သူ့အချစ်ကိုရခဲ့တယ်ပေါ့"

ဧကရာဇ်ကန်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။ပြောနေရင်းပင် သူ၏မျက်နှာသည်လည်း ကျေနပ်မှုဖြင့် ပြည့်နှက်နေလျက်ရှိသည်။

ရှဟို့အန်းအား အလွယ်တကူသတ်နိုင်သောသူသည် မည်သို့သာမန်လူဖြစ်နိုင်ပါမည်နည်း။ ဤသို့သောအမျိုးသမီးသည်ပင် ချင်ကျင်းအား ကြွေဆင်းခဲ့ရသည်။ အသက် ၁၆ နှစ်သာရှိသေးသော်လည်း ချင်ကျင်း၏ ကောင်မလေးရှာသည့် နည်းလမ်းမှာ မခေပေ။

၎င်းမှာ သူ၏ သားတော်ဖြစ်သည်..

ဧကရာဇ်ကန်းကျေ‌နပ်နေ၏။ ထိုအချိန်၌ကျားရွှမ်နှင့်အခြားသူများမှာတော့ တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်မှုများဖြင့် ကြည့်နေလျက်ရှိကြသည်။ တတိယမင်းသားရဲ့ ခေတ်ကို ရောက်လာတော့မယ်..

နန်းတွင်းဥယျာဉ်သို့ရောက်လာသောအခါ ဧကရာဇ်ကန်းက သူ့ကိုလွတ်လပ်ခွင့်ပေးလိုက်သည်။ ယနေ့ ညှိနှိုင်းဆွေးနွေးပွဲတွင် စိတ်၀င်စားစရာကောင်းသော လှည့်ကွက်များဖြင့် သူကြုံတွေ့ခဲ့ရသည်။ထို့နောက်သူအကြံအစည်များကို အကျဉ်းချုပ်ချမှတ်လိုက်ပြီး၊ကျားရွှမ်နှင့်အတူ အခြားအဆင့် ၂ အရာရှိများနှင့် ရောနှောနေလိုက်သည်။

"တတိယမင်းသားရဲ့ သရုပ်ပြမှုတွေက ကျုပ်ကို ဒီနေ့ မျက်စိဖွင့် နားဖွင့် ပေးလိုက်တာပဲ"

ကျူးယီရှစ်ပြုံးလိုက်၏။ ရှောင်းပိုင်လုံအသတ်ခံလိုက်ရသည်မှာ သူနှင့် လုံး၀ မဆိုင်သကဲ့သို့ ပြုမူနေလျက်ရှိသည်။ ချင်ကျင်းသက်ပြင်းချလိုက်၏။ အိမ်ရှေ့စံဖြစ်လာဖို့ရန်မှာ လွယ်ကူသည့်လမ်းစဉ်မဟုတ်ကြောင်းကို သူသိလိုက်သည်။

"လပြာ အိမ်ရှေ့စံကလည်း သိပ်ကို ထူးခြားတဲ့လူလို့ကျုပ်ထင်တယ်... စကားမစပ် ဟိုကိုပြန်ရောက်သွားရင် ခင်ဗျားရဲ့ ခမည်းတော်ကို ဘယ်လိုရှင်းပြမလဲ မသိဘူး"

သိလိုစိတ်ပြင်းပြနေဟန်ဆောင်ပြီး ချင်ကျင်းမေးလိုက်သည်။

ဤစကားက ကျူးယီရှစ်မျက်နှာပေါ်မှ အပြုံးကိုအေးခဲသွားစေလိုက်ပြီး စိတ်ထဲတွင် ချင်ကျင်းကို ကျိန်ဆဲလိုက်စေသည်။

ဂန္တဝင်စနစ်Opowieści tętniące życiem. Odkryj je teraz