သစ္စာရှိအမှတ် ၉၀ တွင်ရှိသော တဂျီသည် ယန်မိသားစုအား တစ်ကြိမ်ထက်ပို၍ ထပ်မံကာ နှိမ်ချမပြောဆိုတော့ပေ။ သူတို့မထွက်ခွာကြခင်တွင် ယန်မော့ပိုင်သည် သူ၏ ဆွေမျိုးများအား မြေမြုပ်ပေးလိုသေးသည်ဟုဆို၏။ ချင်ကျင်းမှာလည်း သူ၏ခံစားချက်ကိုနားလည်သောကြောင့် ၊တဂျီအား မြေကျွင်းကြီးကြီးတစ်ခုကို ဖန်တီးစေလိုက်သည်။
ထိုအခါ ယန်မော့ပိုင် နှင့်အခြားသူများမှာ ကြက်သီးမွှေးညင်းများပင် ထောင်ထသွားကြသည်။ သူတို့သည် တဂျီအား ဤမျှ သန်မာလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ်ထက် ပို၍အစွမ်းထက်မည်ကိုတော့ သူတို့ခန့်မှန်းနိုင်ခဲ့ကြသည်။
ဆက်လတ်၍ ချင်ကျင်း မြို့တော် ဆီသို့ ပြန်လာရဲသည်ကိုလည်း သူမအံ့ဩတော့ချေ။ သူ့၌ စင်စစ်ပင် ဤသို့ ဝှက်ဖဲ တစ်ကဒ် ရှိနေသည်မဟုတ်ပါလော။
မြေမြုပ်ခြင်း ဖြစ်စဉ်အတွင်း ကလေးငယ်ဆယ်ဦးမှာ မျက်ရည်များ ဘူးသီးလုံးလောက်ကျသည်အထိငိုကြွေးကြသည်။ ထိုအထဲတွင်ယန်စန်းလည်းအပါအဝင်ပင်။ထိုအရာကိုမြင်လိုက်ရသော ချင်ကျင်းတစ်ယောက်တွက် စိုးရိမ်စိတ်ဝင်သွားစေသလို စိတ်အနှောင့်အယှက်လည်း ဖြစ်သွားစေသည်။ သို့ရာတွင်ကလေးငယ်များအား သူ၀င်၍မနှောင့်ယှက်။ ထို့အစား သူ၏စိတ်ထဲ၌ ချင်ယွီအပေါ်ထားသည့်အမုန်းတရားများသာပို၍တိုးပွားလာလေသည်။
အကယ်၍ ချင်ယွီသာ နန်းတက်ခဲ့ပါက ကောင်းကင်လနိုင်ငံမှာ ပြည်သူပြည်သားများ မျှော်မှန်းထားသကဲ့သို့ ငြိမ်းချမ်း၊ ငြိမ်သက်မည်မဟုတ်တော့ဘဲ ၊တတိုင်းပြည်လုံး အပူသောကမီးများလောင်မြိုက်ရင်းပျက်ဆီးခြင်းသို့သာ ဦးတည်သွားရမည်ဖြစ်သည်။ မင်းဆိုး ၊မင်းညစ် တစ်ဦး အုပ်ချုပ်သည့် တိုင်းပြည်သည် ပျက်ဆီးခြင်းဖြင့်သာ အဆုံးသတ်လေ့ရှိသည်။
အကယ်၍ ဧကရာဇ်သာ တိုင်းသူပြည်သားများအပေါ်ကြင်နာစွာ ဆက်ဆံပါက တိုင်းပြည်သည် သာယာ၀ပြောကာ စည်ကား သိုက်မြိုက်လာမည်ဖြစ်သည်။
"ယန်စန်း... မင်းကလဲ့စား ပြန်ချေချင်သလား"
အသုဘအပြီးနောက်တွင်ယန်စန်းအား ချင်ကျင်း မေးလိုက်ခြင်းဖြစ်သည်။ထိုအခါ ယန်မော့ပိုင်နှင့် အခြား အစောင့်သုံးယောက်တို့က အံ့အားသင့်စွာဖြင့် ချင်ကျင်းကိုကြည့်လိုက်ကြသည်။ အခြားကလေးများမှာတော့ ဤကဲ့သို့သောကိစ္စများအား နားလည်သဘောပေါက်နိုင်လောက်အောင်ထိ ဉာဏ်မကောင်းကြသေးပေ။ သူတို့သည် သာမန်အားဖြင့် ယန်စန်းအား လှောင်ရယ်တတ်ကြသည်။ သို့သော် ယခုတွင်မူ သူတို့အတွက် အံ့အားသင့်သွားကြရလေပြီ။ သူတို့အကြားမှ ယခင် ပဋိပက္ခ များအားလုံးလည်း တမဟုတ်ချင်းပျောက်ကွယ်သွားကြလေပြီ။ ထို့ကြောင့် လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် ယန်စန်းကိုလည်း ကြည့်လိုက်ကြသည်။
YOU ARE READING
ဂန္တဝင်စနစ်
Adventureဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...