အပိုင်း (၇၇)

325 23 0
                                    


"စတုတ္တ ညီတော်နေကောင်းကျန်းမာရဲ့လား"

ချင်ကျင်း ခေါင်းညိတ်ပြရင်းပြောလိုက်သည်။ ချင်ယွီကိုတော့သူ လျစ်လျူရှုထားခဲ့၏။ထို့နောက်အင်ပါယာဆရာ ကျားရွှမ်အား :

"အင်ပါယာဆရာကျား... ကျုပ်ခင်ဗျားတို့ကို စောင့်ခိုင်းမိသွားပြီထင်တယ်"

ကျားရွှမ်နှင့် သူ၏အကြားတွင် ယခင်က ကတောက်ကဆ အနည်းငယ်ရှိခဲ့သော်လည်း ကျားရွှမ်၏ ပေးဆပ်မှုမှာ အလွန်များပြားလှသည်ကိုတော့ သူမငြင်းဆိုနိုင် ။ မဟုတ်ပါက ကောင်းကင်လနိုင်ငံမှာ ဧကရာဇ်ကန်းလက်ထက်တွင် ရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။

နိုင်ငံတစ်နိုင်ငံမှာ အစားအစာ၊ အရင်းအမြစ် အစရှိသည်တို့အတွက် တိုက်ခိုက်ရပေသည်။ စည်းချက်အတိုင်းသွားချင်သည်ဆိုပါက ကူလီတစ်ယောက်၏ အပေါ်တွင်သာမူတည်သည်။ ထို့ကြောင့် ကောင်းကင်လနိုင်ငံ မှာအုတ်မြစ်ခိုင်မာသော နိုင်ငံဖြစ်နေရခြင်းဖြစ်သည်။

"ယွဲ့ဘုရင်ကတော့ယဉ်ကျေးနေပါပြီ... လူတိုင်းဒီနေရာကိုရောက်ပြီဆိုမှတော့ ကျုပ်တို့ ခရီးစကြစို့လား"

ကျားရွှမ် ပြုံးရင်းပြောလိုက်သည်။ နိုင်ငံတစ်ခု၏ တော်၀င်မိသားစုအနေဖြင့် သာမန်အားဖြင့် လမ်းလျှောက်သွား၍မဖြစ်သောကြောင့် တန်ဖိုးကြီးသော မြင်းလှည်းလေးစီးကို ကျားရွှမ်အသင့်ပြင်ထားသည်။ ဤသို့ဖြင့် ထိုလူလေးဦးမှာမြင်းလှည်းအသီးသီး ဆီသို့ လျှောက်သွားလိုက်ကြသည်။

ချင်ကျင်းက နောက်ဆုံးမြင်းလှည်းကို ရွေးချယ်လိုက်ပြီး တဂျီ၏ လက်ကိုဆွဲကာ လျှောက်သွားလိုက်သည်။ သူ၏နောက်တွင် မဟာကောင်းကင်ဘုံခွေးလည်းလိုက်ပါသွားသည်။

"ဟက်၊ ပုန်းကွယ်နေသော နဂါးစုရုံးပွဲကိုသွားတာ မိန်းမတစ်ယောက်ကို ခေါ်သွားတယ်တဲ့... တဏှာရာဂကတော့"

ချင်ယွီ အေးစက်စက် နှာရှုံ့ပြီးပြောလိုက်သည်။ ဘေးနားမှ ချင်ယွင်လည်း တဂျီကို စိုက်ကြည့်နေလိုက်သည်။ နိုင်ငံကို ‌ကပ်ဘေး‌ ဖြစ်စေသော တဂျီ၏ ပြိုင်ဘက်ကင်းသည့်အလှမှာ လူများကို အကြည့်လွှဲ၍ မရအောင် ပြုလုပ်နေသည်။

ဂန္တဝင်စနစ်Where stories live. Discover now