အပိုင်း (၈၃)

277 20 0
                                    

"ဗုဒ္ဓက ဗောဓိကိုသိမြင်တယ်... ဗုဒ္ဓဟာ အတွင်းစိတ်ကို ငြိမ်းချမ်းစေတယ်..."

တရားစာရေရွတ်နေသကဲ့သို့ ဗုဒ္ဓကျင့်ကြံသူ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။ သူ၏ အသံမှာ အေးချမ်းသော်လည်း ကောင်းကင်ဝံပုလွေဧကရာဇ် အား စိတ်ရိုင်းများပေါ်လာစေသည်။

မကြာခင်တွင် ဗုဒ္ဓကျင့်ကြံသူ သူတို့အနားသို့ရောက်လာခဲ့လေသည်။ သူသည် မီးခိုးရောင်သဲများကပ်နေသော အဝါရောင် သင်္ကန်းကို ၀တ်ဆင်ထားကာ တည်ငြိမ်သည့်မျက်နှာထားမျိုးရှိပြီး မျက်လုံးများက ကြည်လင်နေသည်။ သူ့ကိုကြည့်ရသည်မှာ တောင်တန်းများကိုဖြတ်ကျော်၍ရောက်လာသည့်ဟန်ပေါက်နေပြီး ၊သူ၏လက်မဖြင့် ပုတီးစေ့များကိုလည်း လှည့်နေလျက်ရှိသည်။ သူ၏နောက်တွင်မူ ဖုန်မှုန့်များပျံ့လွင့်နေပြီး ၊ဤမြင်ကွင်းက အလွန် မျက်စိဖမ်းစားဖွယ်ကောင်းနေသည်။

ထိုအခါ ကျားရွှမ်၏ မျက်နှာထား တည်ကြည်သွား၏။ ဤဘုန်းကြီးဆီမှ ပင်လယ်အလား များပြားလှသော အရှိန်အဝါကို သူခံစားနေရလေသည်။

'သူဒီတိုင်းဖြတ်သွားဖြတ်လာလူတစ်ယောက်ဖြစ်ပါစေ'

ကျားရွှမ်တွေးတောလိုက်၏။ ကံမကောင်းစွာဖြင့် ထိုဘုန်းကြီးက သူတို့၏ရှေ့တွင် ပိတ်ရပ်လိုက်သည်။

"ကောင်းကင်လနိုင်ငံတော်၀င်မိသားစုရဲ့ လမ်းမှာပိတ်ရပ်မနေနဲ့စမ်း"

ရုတ်တရက် စစ်သည်ခေါင်းဆောင်က အသံနက်နက်ဖြင့်အော်လိုက်သည်။ ဤအရာကို ကောင်းကင်လနိုင်ငံ၏ နယ်မြေအတွင်း၌ ဖြစ်သောကြောင့်သာ သူပြောရဲခြင်းဖြစ်သည်။ အကယ်၍ သူတို့သာ ကောင်းကင်လနိုင်ငံ၏ နယ်မြေအတွင်းမှ ထွက်သွားလျှင် ဤသို့သော စကားမျိုးကို သူပြောရဲလိမ့်မည်မဟုတ်။

ထိုအခါဘုန်းကြီးက သူ၏လက်များကို ပူးကပ်လိုက်ပြီး:

"ဒကာလေးတို့က ဒီဘုန်းကြီး ခရီးရဲ့ ပန်းတိုင်ပါ"

ထိုစကား၏ ရလဒ်အနေဖြင့် စစ်သည်များ၏ အမူအရာများ ပျက်သွားကြသည်။

"ဒီဘုန်းကြီးက ကောင်းကင်လနိုင်ငံရဲ့ တော်၀င်မိသားစုမှာ လူတွေရဲ့စိတ်နဲ့ နှလုံးကို ညစ်ညမ်းအောင်လုပ်နေတဲ့ မကောင်းဆိုးဝါးရှိတယ်ဆိုလို့ မိစ္ဆာကို ကွပ်မျက်ဖို့ ရောက်လာခဲ့တာပါ"

ဂန္တဝင်စနစ်Donde viven las historias. Descúbrelo ahora