"တိုက်ပွဲစပြီလား"ကွမ်ယု အေးစက်စွာပြောလိုက်၏။ သို့သော် သူ၏မျက်နှာမှာနီရဲလျက်ရှိပြီး အရုပ်ဆိုးနေသည်ကို ချင်ကျင်းသတိထားမိလိုက်သည်။ ဒုတိယသခင် ကွမ် ၏ဒေါသများမှာ ငယ်ထိပ်ကိုရောက်နေလေပြီ။
ထိုအခါ သူမနေနိုင်တော့ဘဲ ကွမ်ယု လို စွမ်းအားရှင်၏ ဒေါသအား ဆွ ပေးလိုက်သော ရှောင်းပိုင်လုံကို ဆုမွန်ကောင်းတောင်းပေးလိုက်သည်။
ဒါက စစ်ပွဲ သူတော်စင် ... ကောင်းကင်ဘုံ စစ်နတ်ဘုရား ကွမ်ဖြစ်သည်..
"သေချင်နေတာလား"
ရှောင်းပိုင်လုံ ထပ်မံ၍ စကားနှစ်ခွန်းပြောလိုက်ကာ၊ ချင်ကျင်း သူ့အား ဦးညွှတ်ချင်စိတ်ပင်ပေါက်သွားလေသည်။ အချို့လူများမှာ အသက်အောင့်ထားလျက်ရှိကြသည်။ ကျူးယီရှစ်နှင့် လပြာနိုင်ငံတို့မှာလည်းမထူးမခြားနားပင်။
အကယ်၍ ကွမ်ယုအား သူတို့ ရှုံးနိမ့်သွားခဲ့ပါက မည်သို့ ပြန်ရှင်းပြရမည်ကို ကျူးယီရှစ်မသိပေ။
ရှောင်းပိုင်လုံမှာ မြန်သည်မှန်သော်လည်း လူများ မမြင်နိုင်လောက်အောင်ထိလျှင်မြန်ခြင်းမဟုတ်။ သို့သော်သူ၏ အရှိန်အဝါများသည်တော့ ယခင် ကျန်းဟန်နှင့် စုန့်လျန်တို့ထက် ပိုမိုကာ သန်မာနေသည်ကို မြင်နေရသည်။
ထို့နောက်ကြီးမားသော တူနက်ကြီးသည် လေကို ခွင်းကာ ကွမ်ယု၏ ခေါင်းကို ချေမွပစ်ရန် ၀င်သွားသည်။ အံ့အားသင့်စရာကောင်းသည်မှာတော့ ချင်ကျင်းနှင့် အခြား အနက်ရောင်၀တ်လူတို့မှာ ကွမ်ယုအနားမှ တစ်ဖဝါး မခွာခြင်းပင်ဖြစ်သည်။
"ကောင်စုတ်လေးက ပိုပြီး ရဲရင့်လာတာပဲ"
ဧကရာဇ်ကန်း ရေရွတ်လိုက်မိသည်။ ချင်ကျင်း အားကြည့်လေ သူ့ကိုယ်သူ ပြန်မြင်ရသလိုခံစားနေရလေဖြစ်သောကြောင့် အကြီးအကျယ်လည်း စိတ်ကျေနပ်နေသည်။
ဧကရာဇ်ကန်းနှင့် ချင်ကျင်းတို့ အများဆုံးတူညီသော အချက်မှာ အရှက်မဲ့ခြင်းဖြစ်သည်ကိုတော့ပြောရပေမည်။
ရှောင်းပိုင်လုံ၏ တိုက်ခိုက်မှုအောက်တွင် ကွမ်ယု၏ မျက်လုံးများပြန်ပွင့်လာသည်။ မိုးပြာနဂါးသတ်ဓားကို သူမြှောက်လိုက်ကာ အလွန်တောက်ပသော အလင်းများတောက်ပလာပြီး ရှောင်းပိုင်လုံ အပါအ၀င် လူတိုင်း မျက်လုံးများ မှိတ်လိုက်ကြရသည်။
ESTÁS LEYENDO
ဂန္တဝင်စနစ်
Aventuraဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...