မီးခိုးငွေ့များတဖြေးဖြေးပျောက်ကွယ်သွားသောအခါ ထောင်နှင့်ချီသော မျက်လုံးများက ခရမ်းအလင်းအကျဉ်းထောင်ဖွဲ့စည်းပုံမန္တာန်ထဲ၌ နန်မုန့်ကိုရှာရန်ကြိုးစားလျက်ရှိကြသည်။ထိုအချိန်တွင် မီးခိုးငွေ့များကြားမှ ပုံသဏ္ဍာန်တစ်ခုထွက်လာခဲ့သည်။ သို့သော် နန်မုန်တော့မဟုတ် သွေးများစိုရွှဲနေသော ကျန်းဟန်ဖြစ်ပေသည်။
အား..
ပရိတ်သတ်များ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ၊ စစ်သူကြီးနန်ရှုံးနိမ့်သွားပြီလား"
"ဠီးဘဲ၊တကယ် အလစ်၀င်တိုက်ရဲတယ်"
"အရှက်မဲ့တယ်၊ လုံး၀ကို အရှက်မဲ့တယ်၊ ဒါက မျှတတဲ့ ယှဉ်ပြုင်ပွဲကောဟုတ်သေးရဲ့လား။"
"မမျှတဘူးဟေ့"
"ငါတို့... ထပ်ရှုံးသွားကြပြန်ပြီလား"
ဤသို့ဖြင့် လူများသည် အဆုံးသတ်ကို လက်မခံနိုင်သည့်အလား အော်ဟစ်လိုက်ကြသည်။ အကယ်၍ ခရမ်းအလင်းအကျဉ်းထောင်ဖွဲ့စည်းပုံမန္တာန်သာ တားဆီးမထားခဲ့ပါက ကျန်းဟန်တစ်ယောက် တံတွေးပင်လယ်ထဲ နှစ်မြုပ်နေပြီးဖြစ်ပေမည်။
လူသားပယ်လယ်ထဲရှိ ချင်ကျင်း၏ မျက်နှာမှာလည်းသုန်မှုန်နေလျက်ရှိသည်။ ဤသို့သော အဆုံသတ်မျိုးကို သူ မမျှော်လင့်ထားခဲ့ပေ။
"သူမသေသေးပါဘူး"
သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး ကွမ်ယု ပေါ့ပေါ့ပါးပါးပြောလိုက်ကာ ချင်ကျင်း၏မျက်လုံးများ
ကိုတောက်ပသွားစေသည်။ဘန်း..
ရုတ်တရက် ဖီးနစ်ငှက်စင်မြင့်ပေါ်ရှိ မီးခိုးငွေ့များ လေနှင့်အတူ လွင့်ပြယ်သွားကြသည်။ အပြင်ထွက်လာသည့် ကျန်းဟန်မှာမူ ရုတ်တရက် မြေပြင်သို့ လိမ့်ကျသွားသည်။
"ဟမ့်၊ ငါ... နန်မုန့်က လွယ်လွယ်နဲ့ မရှုံးဘူးကွ"
ခြင်္သေ့တစ်ကောင်အလား အော်သစ်တစ်သံမှာ ဖီးနစ်ငှက်စင်မြင့်တစ်လျှောက်ပံတင်သံထပ်သွားစေသည်။ ၎င်းမှာ နန်မုန့်၏အသံပင်ဖြစ်သည်။
YOU ARE READING
ဂန္တဝင်စနစ်
Adventureဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...