အပိုင်း (၈၂)

316 23 0
                                    


ချောက်ကမ်းပါးမှထွက်လာပြီးနောက်တွင် ၁၀ မီတာခန့်ကျယ်၀န်းသော မြစ်တစ်ခုကို သူတို့တွေ့လိုက်ရသည်။ မကြာခင်တွင် ညမှောင်လာတော့မည်ဖြစ်သောကြောင့် ခရီးတစ်ထောက်နားရန်ဆုံးဖြတ်လိုက်ကြသည်။

ပလုံ...

ကောင်းကင်ဝံပုလွေဧကရာဇ် ချက်ချင်းပင် မြစ်ထဲသို့ ခန္ဓာက်ိုယ်ပေါ်မှ သွေးများဆေးကျောရန် ခုန်ချလိုက်သည်။

ထို့အတူ ချင်ကျင်းလည်း မြင်းလှည်းထဲမှ ထွက်လာလိုက်သည်။ သူ၏ခန္ဓာကိုယ်တွင်လည်း သွေးများ ရှိနေပြီး အလွန်ညစ်ပတ်နေသောကြောင့် သူလည်း ရေချိုးချင်မိသွားသည်။ သူ မသွားလိုက်ခင် တဂျီကို လက်ဝှေ့ရမ်းပြလိုက်ပြီး:

"တဂျီ လာခဲ့... ငါနဲ့အတူ ရေချိုးပြီး စကားဖောင်ဖွဲ့ကြရအောင်"

"ဟမ့်... အရှက်မရှိဘူး"

ထိုအခါ သိပ်မဝေးသောနေရာ၌ ရပ်နေသော ချင်ယွီက တီးတိုးပြောဆိုလိုက်သည်။ထို့နောက် လူတိုင်း ချင်ကျင်းနှင့် တဂျီတို့ဆီမှ အကြည့်များလွှဲလိုက်ကြသည်။ တဂျီ၌ ပြိုင်ဘက်ကင်း၍ လှပသော ခန္ဓာကိုယ်ရှိသော်လည်း သူတို့မကြည့်ရဲကြပေ။ ကောင်းကင်ဝံပုလွေဧကရာဇ်ကိုပင် လွင့်ပျံသွားအောင်လုပ်နိုင်သည့် တဂျီကို ဒေါသထွက်စေမိမည်ကို စိုးရွံ့ကြသောကြောင့်ဖြစ်သည်။

ထို့နောက် တဂျီကပြုံးလိုက်ကာ ချင်ကျင်းဆီသို့ လျှောက်သွားလိုက်ပြီး၊ဤအချင်းအရာက စစ်သည်များကို အားကျ၊ မုန်းတီးသွားစေသည်။

ရုတ်တရက် ချင်ကျင်းစိတ်လှုပ်ရှားသွားသည်။ နောက်ဆုံးတော့ သူတဂျီကို အမိဖမ်းနိုင်တော့မည်ဖြစ်သည့်အပြင် ၎င်းမှာ မြစ်တစ်စင်းထဲ၌ လည်းဖြစ်နေသေးသည်။

ထို့နောက် သူ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး တဂျီ၏ လက်ကိုဆွဲသွားလိုက်သည်။ မြစ်မှာ မီတာငါးဆယ်ခန့်ကွာဝေးပြီး ကြားထဲ၌ သစ်ပင်များဖြင့်လည်း ခြားထားသေးသည်။

"ငယ်ရွယ်ရတာက သိပ်ကောင်းတာပဲ"

ချင်ကျင်း အန္တရာယ်ဖြစ်မည်ကို မစိုးရိမ်သည့်အလား ကျားရွှမ်ပြောလိုက်သည်။မည်သို့ပင်‌ဆိုစေ၊သူ့နောက်၌ လိုက်သွားသူမှာ တဂျီဖြစ်ပြီး သူတို့ထက်စာလျှင် ပို၍ပင် လုံခြုံစိတ်ချရသေးသည်။

ဂန္တဝင်စနစ်Onde histórias criam vida. Descubra agora