အပိုင်း(၂၈)

386 28 0
                                    

"စီနီယာ အကိုကျိုးက အစကတည်းက ‌အောက််စည်း ရောက်နေတာကြီးကို စိန်ခေါ်နေသေးတယ်"
ချန်ချင်းချင်း သက်ပြင်းချလိုက်သည်။ သူ့ဘေးနားတွင်ရှိသော ကျောင်းလင်မှာတော့ အံ့အားသင့်သွားပြီး

"ဘာကြီးလဲ အောက်စည်းဆိုတာက"

ချင်ကျင်းနှင့် အတူတကွနေထိုင်ပြီးနောက်တွင် သူမ မည်သည့်အရာမှ မသင်ယူခဲ့ရပါ။ သို့သော် ကမ္ဘာပေါ်မှ အချို့ဗန်းစကားများကိုတော့သင်ယူနိုင်ခဲ့သည်။

"အဲ့ဒါက ရှုံးတော့မယ်လို့ပြောတာ" ရုတ်တရက် ချင်ကျင်း၏ မျက်နှာပေါ်မှ အထင်သေးသော အပြုံးနှင့် သူ့အား ဤသို့ ပြောခဲ့ဖူးသည်ကို ပြန်‌မြင်ယောင်မိသွားပြီး ချန်ချင်းချင်းတစ်ကိုယ်လုံး ဖြူ‌ဖျော့‌သွားတော့သည်။

အမှန်တစ်ကယ်ကို ကြောက်စရာကောင်းပေကာ ယဉ်ကျေးမှုမရှိပါချေ။

ချန်ချင်းချင်း၏ စကားကြောင့် ကျောင်းလင်အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ချင်ကျင်းသည် အမှန်တစ်ကယ်ကျိုးချန်းကျီကို အနိုင်ယူနိုင်သည်လော။

ကျိုးချန်းကျီအား ကောင်းကင်လနိုင်ငံတွင် တောင်ပိုင်းနယ်မြေလူသားစာရင်းမှ ပါရမီရှင်တစ်ယောက်ဟုသိကြလေသည်။ ဤသို့ဆိုရသောဇာတ်လမ်းအား တခဏတာ အဆက်ဖြတ်၍ တောင်ပိုင်းနယ်မြေလူသားစာရင်းဆိုသည်အား အဓိပ္ပာယ်ဖွင့်ရမည်ဆိုကြရရင်တော့

တောင်ပိုင်းနယ်မြေတစ်ခုလုံးရှိ မင်းဆက်နိုင်ငံ တစ်ရာကျော်အား စကားထဲ မပါမဖြစ် ထည့်ပြောရမည်ဖြစ်သည်။ လူသားစာရင်းမှာ အလွန်လွှမ်းမိုးနိုင်စွမ်းကြီးမားသော ကံကြမ္မာလျို့ဝှက်ချက် နန်းတော်မှ ထုတ်ဝေခြင်းဖြစ်သည်။

၎င်းမှာ အသက်၅၀အောက်မှ ကျင့်ကြံသူ ပါရမီရှင်များ၏ နာမည်များအား စုစည်းထားသော စာစောင်တစ်ခုဖြစ်သည်။ ကျိုးချန်းကျီသည် ထိုစာရင်း၌ နံပါတ် ၁၀၀၇၀၌ နေရာယူထားသည်။

တောင်ပိုင်းနယ်မြေတစ်ခုစလုံးရှိ အသက်၅၀ အောက်ကျင့်ကြံသူများမှာ သန်း၁၀၀လောက်ရှိနေသည်။ သာမန်လူများကိုပါ ထည့်တွက်ပါက ၁၀ ကုဠေလောက်ရှိနိုင်သည်။ (၁၀ဘီလီယံ - သန်း၁၀၀၀)

ဂန္တဝင်စနစ်Where stories live. Discover now