အပိုင်း (၄၆)

361 28 0
                                    


ရှန်းယန်၏ မေးခွန်း‌နှင့် ရင်ဆိုင်လိုက်ရချိန်တွင် လပြာနိုင်ငံဘက်ရှိ ရထားလုံးထဲမှ ရွှေရောင်၀တ်ရုံကို ၀တ်ဆင်ထားသော လူငယ်တစ်ဦး ဆင်းလာခဲ့လေသည်။ ထိုလူငယ်လေး၏ ခေါင်းပေါ်တွင် ကျောက်စိမ်းသရဖူတစ်ခုရှိ‌ နေပြီး သူ၏ ချောမောလှသော မျက်နှာပေါ်မှ အပြုံးမှာ မထီမဲ့မြင်ပြုဟန်ပေါ်နေ၏။ သူ၏ခါးတွင်လည်း အရောင်မတူသည့်အလင်းငါးလုံးဖြင့် အလှဆင်ထားကာ မှုန်ဝါးဝါး အလင်းပြန်နေသည့် ကြေးဓားတစ်ချောင်းကို ချိတ်ဆွဲထားလျက်ရှိသည်။

"လပြာနိုင်ငံ အိမ်ရှေ့မင်းသား ကျူးယိရှစ်က ဧကရာဇ်ကန်းကို ကျုပ်တို့ နိုင်ငံကိုယ်စား အရိုအသေပေးပါတယ်"

သို့သော်လည်း ဤလူငယ်လေး၏ လေသံမှာအနည်းငယ်မှ နှိမ့်ချခြင်းမရှိပေ။ သူသည် ကောင်းကင်လနိုင်ငံ၏ ပြည်သူမဟုတ်သည့်အတွက်ကြောင့် ဧကရာဇ်ကန်းအား ဦးညွှတ်ရန်မလိုအပ်ပေ။

သို့ဖြင့် အနောက်၌ရှိနေသော ရထားလုံးများထဲတွင်ထိုင်နေကြသည့် လူများလည်းထွက်လာကြသည်။ထိုအခါ သေမျိုးစွန့်ခွာခြင်းနယ်ပယ် စွမ်းအားရှင်ဖြစ်သော စစ်သူကြီးတစ်‌ယောက်က လူအားလုံး၏ အာရုံကို ဆွဲဆောင်သွားသည်။

ထိုစစ်သူကြီးသည် အနက်ရောင် သံချပ်ကာကို ၀တ်ဆင်ထားပြီး သူ၏ ဆံပင်များမှာ သူ့ပုခုံးပေါ်၌ ကျလျက်ရှိသည်။ သူ၏ အနက်ရောင်၀တ်ရုံသည်လည်း လေနှင့်အတူ ယိမ်းနွဲ့နေသည်။ သူက စတင်ကာ ဦးဆောင်လိုက်ပြီး:

"လပြာနိုင်ငံ မြင်းဖြူမဟာစစ်သူကြီး ရှောင်းပိုင်လုံက ဧကရာဇ်ကန်းကို အရိုအသေပေးပါတယ်"

"လပြာနိုင်ငံက ကျန်းဟန်က ဧကရာဇ်ကန်းကို အရိုအသေပေးပါတယ်"

ဤစကားကိုပြောလိုက်သည့်လူမှာ အပြာရောင် အင်္ကျီကို ၀တ်ဆင်ထားသည့် ကျင့်ကြံသူတစ်ဦးဖြစ်ပေသည်။ သူ၏အသွင်အပြင်မှာ သက်လက်ပိုင်းအရွယ် ရှိနေကာ ဆံပင်များသည်လည်း အဖြူနှင့် အမည်းရောစပ်နေပြီး နက်ရှိုင်း သောမျက်၀န်းများကိုလည်းပိုင်ဆိုင်ထား၏။ ချွန်၍နေသော သူ့နှာခေါင်းက ရက်စက်တတ်သော အမူအရာကို ဆောင်ထားသည်။

ဂန္တဝင်စနစ်Onde histórias criam vida. Descubra agora