ချင်ကျင်း၏ အသံထွက်လာသောအခါ လူတိုင်းကသူ့ကို ကြည့်လိုက်ကြသည်။လူတစ်ယောက်ချင်းစီတိုင်း၏ မျက်နှာထားများမှာ ထူးဆန်းနေကြလျက်ရှိ၏။
သူသည် ထိပ်သီးစွမ်းအားရှင်ကို ပိုင်ဆိုင်ထားသည့် ယွဲ့ဘုရင်ဖြစ်သော်လည်း သူ၏ ကျင့်ကြံမှုအဆင့်ကိုမူမည်သူမှ မသိကြပေ။ထို့ကြောင့် ယခု သူက ကျိုးချန်းကျီကို စိန်ခေါ်လိုက်သောအခါ လူတိုင်း၏ အမူအရာများ ထူးဆန်းကုန်ကြသည်။
ယွဲ့ဘုရင်က ကျိုးချန်းကျီရဲ့ အကူအညီကိုယူပြီး နာမည်ကြီးအောင်လုပ်ချင်နေတာလား...
ဒါပေမယ့် ကျိုးချန်းကျီက ကိုယ့်ကိုယ်ကို သိပ်ဂုဏ်ဆာတတ်တဲ့လူလေ... ဘယ်လိုလုပ် သူက အနိုင်အယူခံရမှာလဲ..
ဤသို့ဖြင့် ကျင့်ကြံသူများ၏ အမူအရာများမှာ မှင်သက်နေကြလျက်ရှိသည်။
နန်ယုရှင်းမှာတော့ ချင်ကျင်းနှင့် ကျိုးချန်းကျီတို့ကို ပဟေဠိဖြစ်နေသောမျက်နှာထားဖြင့်ကြည့်လိုက်သည်။ ကျိုးချန်းကျီရဲ့ စွမ်းအားကိုမြင်ပြီးတာတောင် ဒီကောင်က ဘယ်လိုလုပ်သွားစိန်ခေါ်ရဲသေးတာလဲ...
အကယ်၍ နင်ရှုံးသွားရင်... တော်၀င်မိသားစုလည်း မျက်နှာပျက်ရမှာလေ...
ချန်ချင်းချင်း စိတ်လှုပ်ရှားသွားသည်။ချင်ကျင်းအတွက်တော့ ကျိုးချန်းကျီနှင့်တိုက်ခိုက်ရသည်မှာ။ယခု ပထမဆုံးအကြိမ်မဟုတ်ပေ။ ကျိုးချန်းကျီအား လျှို့ဝှက်ဆန်းကြယ်သော မန္တာန်ဖြင့် သူထပ်မံတိုက်ခိုက်နိုင်လောက်သည်။
ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်၌တော့ ကျိုးချန်းကျီက သေချာပြင်ဆင်ထားခဲ့သည်။
ထို့နောက်ကျိုးခန်းကျီအနားသို့သွား၍ ချင်ကျင်း ပြုံးရင်း ပြောလိုက်သည်"
"ငယ်ရွယ်တဲ့ကျိုးသူရဲကောင်း... ဒီဘုရင်ရဲ့ မျက်နှာကို ထောက်ထားနိုင်မလားမသိဘူး"
ကျိုးချန်းကျီမှာ သူနှင့် နှစ်ဆလောက်အသက်ကွာသည်။ သို့တောင်မှ သူ့အား ငယ်ကွယ်သော သူရဲကောင်းဟုခေါ်ဝေါ်သမုတ်နေသည်။ ဤ အရှက်မဲ့သော အရာများကို ချင်ကျင်းသာလျှင် ပြုလုပ်နိုင်လိမ့်မည်ဖြစ်သည်။
YOU ARE READING
ဂန္တဝင်စနစ်
Adventureဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...