ကောင်းကင်လနိုင်ငံ စတုတ္ထမင်းသား...
ထိုအခါ ရဲ့ရွှမ်နှင့် သူ၏ အပေါင်းအပါများက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
"စတုတ္ထမင်းသားကလည်း ပုန်းကွယ်နေသောနဂါးစုရုံးပွဲမှာ ပါမှာပဲလား"
ရဲ့ရွှမ်က ဆက်၍ မေးလိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာလည်း ပို၍ ပို၍ ထင်ရှားလာခဲ့သည်။ ထို့ကြောင့် သူ သူငယ်ချင်းကောင်းများ ရသွားပြီဟု ချင်ယွင်တွေးလိုက်၏။
သို့သော် အားလုံးသိကြသည့်အတိုင်း ရဲ့ရွှမ်မှာ ကောင်းကင်လနိုင်ငံအလွန်အားနည်းသောကြောင့်၀မ်းသာနေခြင်းသာ ဖြစ်သည်။
ကောင်းကင်လနိုင်ငံမှာ အပြင်ဘက်ကမ္ဘာကြီးတွင် တိုက်ခိုက်နေလျက်ရှိသည်။ လပြာနိုင်ငံနှင့် ဝူတောင်တန်းနိုင်ငံတို့မှာ ကောင်းကင်လနိုင်ငံ၏ ရန်သူများမဟုတ်ကြပေ။ လပြာနိုင်ငံနှင့် ကောင်းကင်လနိုင်ငံတို့တွင် အလင်းဘက်ခြမ်း၌ မဟာမိတ်အနေအထားမျိုးရှိကာ ဝူတောင်တန်းနိုင်ငံသည်တော့ နီးကပ်သည့် အနေအထားမျိုးရှိသည်။ ကောင်းကင်လနိုင်ငံသည် တစ်ကြိမ်က ဝူတောင်တန်းနိုင်ငံသို့ တပ်တစ်ခုလွှတ်ခဲ့ဖူးသည်။ သို့သော် ကံမကောင်းစွာဖြင့် ပထမအချီ၌ ကောင်းကင်လနိုင်ငံရှုံးနိမ့်သွားခဲ့ပြီး၊ထိုအချိန်မှစ၍ ဝူတောင်တန်းနိုင်ငံကို ထပ်မံ၍ ရန်မစရဲတော့ပေ။
အချို့ကတော့ ကောင်းကင်လနိုင်ငံနှင့် လပြာနိုင်ငံတို့မှာ ဝူတောင်တန်းနိုင်ငံ၏ ပြိုင်ဘက်မဖြစ်နိုင်ဟုပင်ပြောကြသည်။
ဝူတောင်တန်းနိုင်ငံရှိ နံပါတ် ၁ ဂိုဏ်း၏ အကြီးဆုံးဂိုဏ်းသားအနေဖြင့် ကောင်းကင်လနိုင်ငံက မည်မျှအားနည်းကြောင်းကို ရဲ့ရွှမ်သိသည်။ ထို့ကြောင့် သူပျော်ရွှင်မိသည်မှာသာမန်သာဖြစ်၏။ အိမ်နီးချင်းနိုင်ငံများသာ အားနည်းနေပါက သူတို့၏နိုင်ငံ လုံခြုံနိုင်မည်မဟုတ်ပါလော။
"ဟုတ်တယ်... ကျုပ်က ခင်ဗျားတို့နဲ့တော့မတူဘူး... ကျုပ်က တော်၀င်မိသားစုမှာ နေနေရရင်ကိုကျေနပ်နေပြီလေ... အဆင့်မြင့်မြင့်ရာထူးတွေဘာတွေကိုလည်း လိုချင်တာမဟုတ်ဘူး... ဘ၀ကို အေးအေးဆေးဆေးပဲဖြတ်သန်းချင်တာ"
ESTÁS LEYENDO
ဂန္တဝင်စနစ်
Aventuraဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...