အပိုင်း (၁၀၃)

257 19 2
                                    

ဂျင်ငါးထောင်လေးသော ငွေနဂါးစိတ်ဝိညာဉ်ပြစ်ဒဏ်ခတ်ခြင်းလှံက ပရိသတ်များကို အံ့အားသင့်သွားစေပြီး မည်သည်ကမှ ချင်ကျင်းအား ထပ်မံစိန်မခေါ်ကြတော့ပေ။

သို့သော်ဤအရာကြောင့် ချင်ကျင်း အလွန်စိတ်ခုသွား၏။ အရန်မစ်ရှင်ပြီးမြောက်ရန်အတွက် လူကိုးဦးအား အနိုင်ယူရန်လို‌အပ်နေသေးသည်။ ကြည့်ရသည်မှာ အခြေအနေကောင်းသည့်ဟန် မရပေ။

ထိုအခါ သူပျက်ရယ်ပြုသည့်ပုံဖြင့် ဟန်ဆောင်ပြုံးလိုက်ပြီး:

"ဘာလဲ... ဘယ်သူမှ စိန်မ‌ခေါ်ရဲတော့ဘူးလား... အထီးကျန်ဆန်လိုက်တာနော်"

"စောနကပဲ မင်းတို့တွေ ကျားသတ်မယ် နဂါးသတ်မယ်လုပ်နေကြတာ အခုကျတော့ ဘာလို့ လူတိုင်းတိတ်ဆိတ်နေရတာလဲ"

"လပြာနိုင်ငံက ပါရမီရှင်တွေက သိပ်ကို ကြီးကျယ်ပါတယ်ဆို"

"မင်းတို့ကောင်တွေကျင့်ကြံမနေဘဲ လူပေါ်ကျော့သာသွားလုပ်ကြတော့... အဲ့လိုကမှ မိန်းမတွေနဲ့ ပျော်ပျော်ကြီးနေနိုင်ဦးမယ်"

သူ၏ ပါးစပ်မှာ ထက်ရှလှသည်။ ကျင့်ကြံသူလူငယ်အများစုက ပုန်းစရာတွင်း တစ်ခုကိုပင် လိုက်ရှာနေကြတော့၏။ ဘေးမှ ရပ်ကြည့်နေသော ကျင့်ကြံသူများနှင့် သာမန်လူများ၏ မျက်နှာများလည်း မည်းမှောင်သွားကြသည်။

မျက်ခွက်ဖြတ်ရိုက်ခြင်း..။

ရှောင်းလီရယ်မောလိုက်သည်။ ဤမိန်းမငယ်လေးက ပတ်၀န်းကျင်၌ မည်သို့ဖြစ်ပျက်နေသည်ကိုမသိဘဲ ပျော်ပျော်ကြီး ချစ်စရာကောင်းစွာရယ်မောနေလေ၏။

တဂျီကလည်း ပြုံးလိုက်သည်။ သူမ ဤချင်ကျင်းဟူသည့် ကောင်စုတ်လေးကို စောဏက ရန်စခဲ့ပြီးဆိုသည်ကို နားလည်လိုက်၏။

"ဒီအဖိုးကြီး တောင်ပိုင်းနယ်မြေတစ်ခုလုံးကို ခရီးသွားနေတာ ဒီလို တလွဲနိုင်ငံကို ခုမှ မြင်ဖူးပါပေတယ်"

ရုတ်တရက် တချိန်လုံးပါးစပ်ပိတ်နေခဲ့သည့် ထိုက်ပိုင်ကျင်းရှင်းဟူသည့် မြေခွေးအိုကြီးက ထပြောလိုက်သည်။ သူစကားမပြောလျှင် ဘာမှမဖြစ်သော်လည်း ပြောလိုက်ပါက တစ်ဘက်သားကို သေချင်စော်နံသွားအောင်လုပ်နိုင်၏။ ထို့ပြင် အောက်လုံးတစ်ခုတစ်လေကိုမှ သုံးစွဲသွားခဲ့ခြင်းမဟုတ်ပေ။

ဂန္တဝင်စနစ်Where stories live. Discover now