အပိုင်း (၄၃)

348 29 1
                                    

အင်ပါယာဆရာကျားရွှမ်နှင့် လပြာနိုင်ငံ သံတမန်တို့၏ သတင်းမှာ အလျင်အမြန်ပျံ့နှံ့သွားခဲ့ပြီး ရာပေါင်းများစွာသော အမည်ခံ ကျင့်ကြံသူများအား မကျေမနပ်ဖြစ်သွားစေသည်။ ဤသို့ဖြင့် တော်၀င်မြို့တော်အတွင်းရှိ အခြေအနေများသည် တင်းမာလာခဲ့၏။

နားခိုရာ တည်းခိုခန်းသို့ ဤသတင်းရောက်လာချိန်မှာမူ ချင်ကျင်း လက်ခုပ်လက်ဝါးထ၍တီးလိုက်သည်။

"အဖိုးကြီးကျားရွှမ်... ခင်ဗျားကျုပ်ကို စမှတ်ကတည်းက နှိပ်ကွပ်ထားတာ... ဒီနေ့ခင်ဗျား၀ဋ်ပြန်လည်တာဘဲ"

ချင်ကျင်းအလွန်ပျော်ရွှင်နေသည်။ အရင်ခန္ဓာပိုင်ရှင်၏ ၁၆ နှစ်စာနှင့် ညီမျှသော မှတ်ဉာဏ်များကို သူလက်ခံရရှိပြီးဖြစ်သည်။ အရင်ချင်ကျင်း၏ အတွေ့အကြုံများအား သိရသောအခါ သူစိတ်ညစ်သွားမိသည်။ သူသည် ကိုယ်တုံးလုံးဖြင့် နန်းတော်ထဲ လမ်းပတ်လျှောက်နေစဉ်တွင်ပင် ကျားရွှမ်သည် အင်ပါယာအတွင်း နာမည်ဂုဏ်သတင်း ကျော်ကြားနှင့်ပြီးဖြစ်သည်။

သို့သော်လည်း ယနေ့ အဖြစ်အပျက်အား ပြန်တွေးမိသောအခါ ချင်ကျင်းဒေါသထွက်သွားသည်။

"လပြာနိုင်ငံက သိပ်မောက်မာလွန်းတယ်။ ကောင်းကင်လနိုင်ငံကို မျက်လုံးထဲမထည့်ထားဘူး။ ထိပ်တိုက်တွေ့ဆုံပွဲမှာ နန်မုန့်က အနိုင်ရနိုင်ပေမယ့်လည်း အခြား ရွှေဗဟိုနယ်ပယ် နှစ်ယောက်အတွက်က..."

ချင်ကျင်းထိုသို့တွေးမိပြီး မျက်မှောင်ကြုတ်သွားသည်။ နန်မုန့်၏ ကျော်ကြားမှုသည် ကောင်းကင်လနိုင်ငံတွင်သာ မကဘဲ အခြား အိမ်နီးချင်းနိုင်ငံများအထိကိုပါကျော်ကြားသည်။

ထို့ကြောင့်လပြာနိုင်ငံက ထပ်၍သေမျိုးစွန့်ခွာခြင်းနယ်ပယ် နှစ်ယောက်၊ သုံးယောက် မရှာထားနိုင်ပေဘူးလော။

အကယ်၍ နန်မုန့်ပါ ရှုံးသွားမည်ဆိုပါက ကွမ်ယုအနိုင်ရသွားလျှင်ပင်တောင်မှ အခြေအနေကို ပြောင်းပြန်လှန်နိုင်တော့မည်မဟုတ်ပေ။

ကြည့်ရတာ ငါအစီအစဉ်ထပ်ဆွဲရဦးမယ်ထင်တယ်၊

သူ၏ မေးကို ပွတ်၍ ချင်ကျင်း စဉ်းစားခန်း ၀င်နေလိုက်သည်။ ဤနှစ်နိုင်ငံ ထိပ်တိုက်တွေ့ဆုံပွဲတွင် သူနည်းစနစ်ကျကျ လှုပ်ရှားပြီး လူ့အဖွဲ့အစည်းကို အံ့အားသင့်သွားအောင်လုပ်ရမည်။ ထိုသို့ဆိုပါက ဧကရာဇ်လည်း သေချာ မတွေးတောဘဲ လှုပ်ရှားရဲတော့မည်မဟုတ်ပေ။

ဂန္တဝင်စနစ်Donde viven las historias. Descúbrelo ahora