အပိုင်း (၄၉)

339 28 0
                                    


"ဖွဲ့စည်းပုံမန္တန်ကို အသက်သွင်းကြ"

စူးရှရှရှိသော ရှန်းယန်၏ အသံသည် နောက်တစ်ကြိမ်ထပ်မံထွက်ပေါ်လာပြီး ခရမ်းအလင်းအကျဉ်းထောင်ဖွဲ့စည်းပုံ မန္တာန်လည်း ထပ်မံကာ ပေါ်လာခဲ့ပေသည်။

ကောင်းကင်လနိုင်ငံ၏ မဟာစစ်သူကြီး နှင့် လပြာနိုင်ငံ၏ သေမျိုးစွန့်ခွာခြင်းနယ်ပယ် စွမ်းအားရှင်။

ဤတိုက်ပွဲမှာ စိတ်လှုပ်ရှားစရာကောင်းလှသည်မှာအမှန်ပင်။

လူတိုင်းသည် စကားများပေါက်ပေါက်ဖောက်နေလျက်ရှိကြသည်။ ထို့ပြင် လူတိုင်းမှာ နန်မုန့်သာအနိုင်ရမည်ဟုလည်းတထစ်ချတွေးနေကြပြီး ချင်ကျင်းပင် သက်ပြင်းချလိုက်သည်။ ဤသည်မှာ အိမ်ကွင်း၏ အားသာချက်ပင်ဖြစ်ပေသည်။

"စစ်သူကြီးနန်အနိုင်ရလိမ့်မယ်"

"နောက်နေတာလား... စစ်သူကြီးနန် နာမည်ကျော်ကြားလာကတည်းက ဘယ်တုန်းက ရှုံးဖူးလို့လဲ"

"ဒီကျန်းဟန် ဆိုတဲ့ နာမည်နဲ့လူက စစ်သူကြီးနန်ရဲ့ ပြိုင်ဘက်မဟုတ်ဘူးကွ"

"ဒီပွဲကိုငါတို့နိုင်ခဲ့ရင်တောင် တတိယပွဲစဉ်ကြရင် ဘယ်လိုလုပ်ကြမလဲ ၊အခြားတစ်ဘက်က စစ်သူကြီးနန်ထက် အားမနည်းတဲ့ လပြာနိုင်ငံရဲ့ မဟာ စစ်သူကြီး ရှောင်းပိုင်လုံရှိနေသေးတယ်"

"အဲ့ဒ့ဆိုးတယ်"

ကျင့်ကြံသူများနှင့် သာမန်လူများ၏ ဆွေးနွေးမှုများသည် နန်မုန့်၏ နားထဲသို့၀င်လာကြသည်။ဤအချိန်တွင် ကျန်းဟန်မှာ ပုံမှန်ထက်ကွဲပြားနေလျက်ရှိသည်။ နန်မုန့်ကိုကြည့်ပြီး သူအေးစက်စက်ပြောလိုက်သည်:

"ငါမင်းနဲ့ အမြဲတိုက်ခိုက်ချင်နေခဲ့တာ... မင်းငါ့ကိုစိတ်မပျက်စေဘူးလို့ မျှော်လင့်ပါတယ်"

"ငါတို့နိုင်ငံက မဟာဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ယှဉ်ရင်မင်းက ဘာမှမဟုတ်သေးဘူးကွ... အနည်းဆုံးတော့ တိုက်ခိုက်ဖို့သူတို့ကိုယ်ကိုတော့ ရင်းကြမှာမဟုတ်ဘူး"

နန်မုန့်ကအထင်အမြင်သေးစွာပြောလိုက်ပြီး ကျန်းဟန်၏ သတ်ဖြတ်ချင်စိတ်များကို ထိန်းမရဘဲ ထွက်ပေါ်သွားစေသည်။

ဂန္တဝင်စနစ်Tahanan ng mga kuwento. Tumuklas ngayon