အပိုင်း (၆၈)

332 28 0
                                    

ချင်ယွီ၏ စစ်တပ်အမိန့်ပေးနိုင်ခွင့် အားဆုံးရှုံးသွားခြင်းသည် တော်၀င်မြို့တော်တစ်ခုလုံး၏အာရုံကိုဖမ်းစားသွားသည်။ယင်းသတင်းအား မဟာဂိုဏ်းကြီးသုံးခုမှ မည်သည့်သဘောထားကိုမှ မဖော်ပြခဲ့သော်လည်း ခရမ်းအလင်းဂိုဏ်းကမူ ချင်ယွီနှင့် ဆက်ဆံရေးကျဲလာသည်ကို သတိပြုမိလာကြသည်။

၎င်းအတွက် လက်သည်ဖြစ်သည့်ချင်ကျင်းမှာတော့ နန်းတွင်းထဲတွင်သာ တနေကုန်အချိန်ကုန်လေ့ရှိနေသည်။ ကွမ်ယု၏လမ်းညွှန်မှုအောက်တွင် သူ၏လှံနည်းစနစ်တိုးတက်လာခဲ့ပြီး ခရမ်းသက်တန့်မိုးကြိုးမှာလည်း အလွှာ ၂ သို့ပင် အဆင့်တက်သွားခဲ့သည်။

ခရမ်းသက်တန့်မိုးကြိုးကျမ်းအား အလွှာ ၆ လွှာခွဲခြားထားသည်။ တစ်လွှာချင်းစီတိုင်းတွင်လည်း မှော်မန္တာန်များရှိကြသည်။ အလွှာ ၁ ၏ မိုးကြိုးလက်ဝါးကိုတော့ သူကျွမ်းကျင်သွားပြီးဖြစ်သည်။ သို့ရာတွင် မိုးကြိုးလက်ဝါးမှာ အနီးကပ်တိုက်ခိုက်ရေး မှော်မန္တာန်ဖြစ်သည်။ထို့ကြောင့် ၎င်းကို ငွေနဂါးစိတ်ဝိညာဉ်ပြစ်ဒဏ်ခတ်ခြင်းလှံနှင့်သာတွဲသုံးပါက ရန်သူအတွက် ခန့်မှန်းရန် ခက်ခဲသွားလိမ့်မည်ဖြစ်သည်။

ဤရက်များအတွင်း ချင်ကျင်းတစ်ယောက် နန်းတွင်းထဲမှ လုံးဝ မထွက်ဟုပြော၍ပင်ရသည်။ သူ လှံနည်းစနစ်ကိုသာ လေ့ကျင့်ရင်း၊ လေ့ကျင့်နေသည်။ ဤကာလ၌ နန်ယုရှင်း သူ့ဆီတစ်ကြိမ်ရောက်လာသော်လည်း ချင်ကျင်းမှာ လုံ့လဝီရိယစိုက်ထုတ်ကာ လှံနည်းစနစ် လေ့ကျင့်နေသည်ကိုသာ တွေ့ရသောကြောင့် သူ့အားနှောင့်ယှက်ခြင်းမပြုဘဲပြန်သွားလေသည်။ ချန်ချင်းချင်းမှာတော့ နန်းတွင်းထဲသို့ ဝင်ခွင့်ပင်မရချေ။

သို့နှင့် တစ်ပတ်ကြာလေ့ကျင့်ပြီးနောက်တွင် ချင်ကျင်းတစ်ယောက် ခန္ဓာကိုယ်အသစ်လဲကာ အရိုးများ ပြောင်းလဲသွားသည်ဟုပင်ထင်လောက်စရာဖြစ်သွားသည်။ လှံနည်းစနစ်အား သူကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်သေးသော်လည်း လှံကို လွှဲရမ်းရန်မှာ အရင်လောက်မခက်ခဲတော့ပေ။ သူနှင့်အဆင့်တူကျင့်ကြံသူများနှင့်တိုက်ခိုက်ရန်လည်း သူ့တွင်ယုံကြည်ချက်ရှိလာသည်။ယခင်က ဂန္တဝင်စနစ်ကြောင့်အဆင့်တက်ခဲ့ခြင်းဖြစ်သဖြင့် သူ၏ အုတ်မြစ်မှာ မတည်ငြိမ်ခဲ့။ သို့သော် ယခု၌ ထိုသို့ အားနည်းချက်မျိုးမရှိတော့ပေ။

ဂန္တဝင်စနစ်Where stories live. Discover now