အပိုင်း (၉၂)

254 21 0
                                    

"ငါ့ပါးစပ်က သန့်ရှင်း မရှင်းဆိုတာ မင်းကိုယ်တိုင်လာကြည့်ပါလား"

ချင်ကျင်း သူ၏ပါးစပ်ကို လက်ညိုးထိုးရင်း ပြုံး၍ ပြောလိုက်သည်။ ဤစကားအား ကြားလိုက်ရသော် အဖြူရောင်၀တ်အမျိုးသမီး၏ လှပသောမျက်နှာလေးက နီရဲသွားကာ အော်လိုက်သည်:

"အရိုင်းအစိုင်းကောင"

ထိုအချိန်၌ ရဲ့ရွှန် မနေနိုင်တော့ဘဲ ၀င်ပြောလိုက်သည်:

"ရောင်းရင်းတို့က ကျုပ်တို့ကို မ‌ခေါ်ထားချင်ရင်လည်း ကျုပ်တို့ထွက်သွားပါတော့မယ်... စကားနဲ့ စော်ကားစရာမလိုပါဘူး"

ချင်ကျင်း ဆဲပစ်လိုက်ချင်နေသည်။ ငါတို့က မင်းတို့ကို အတူခေါ်လာရတဲ့ထိ ကြင်နာပြီးပြီလေ... ဒါတောင်မင်းတို့က ချင်ယွင်ကိုလှောင်ခဲ့ကြသေးတယ်... ဟောအခုလည်း မင်းတို့ကပဲနစ်နာသလိုခေါင်းစဉ်တက်နေပြန်ပြီ... ကျိုးကြောင်းမသင့်လျော်ဘူးလို့မထင်ဘူးလား...

"အရှင့်သား ဒေါသမထွက်ပါနဲ့... ဒီသူရဲကောင်းလေးတွေက အပြစ်ရှိပါဘူး... သူတို့ရဲ့ သာမန်အမြင်အရ မသေမျိုးဆိုတာ ဒဏ္ဍာရီတစ်ခုပဲလေ"

ရုတ်တရက် ဖဟိုင်က ထ၍ပြောလိုက်သောကြောင့် ချင်ကျင်း၏ မျက်ခုံးများကျဉ်းမြောင်းများသည်။

ထိုအခါ ရဲ့ရွှမ်နှင့်အခြားလူများ အဘယ်ကြောင့် ချင်ကျင်းက သူတို့ကို အလွန်ရိုင်းနေရသည်ကို သိသွားကြသည်။ ၎င်းမှာ မသေမျိုးအား ယခင်က သူတို့မေးခွန်းထုတ်ခဲ့၍ပင် ဖြစ်သည်။

ထိုသို့ ဖဟိုင်က ပြောလာသောကြောင့် ချင်ကျင်းလည်း ဆက်၍ သူတို့နဲ့ ဖက်ပြိုင်ကာ အချေအတင် ဖြစ်မနေတော့ပေ။ ရဲ့ရွှမ်တို့မှာလည်း သူတို့ကိုယ်သူတို့ပေါ်တွင် ယုံကြည်မှုလွန်ကဲခဲ့ကြခြင်းကြောင့်သာဖြစ်ကာ ၊သူ့အား ရည်ရွယ်ချက်ရှိရှိ အပြစ်ပြုချင်ခဲ့ခြင်းမဟုတ်ကြ။

"ကောင်းပြီလေ... အချိန်ဆွဲမနေနဲ့ ဆက်သွားကြတော့"

ချင်ကျင်းက ဤသို့ပြောပြီးနောက် မြင်းလှည်းထဲသို့ပြန်၀င်သွားသဖြင့်၊ ရဲ့ရွှမ်တို့ တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်မှုများဖြင့် ကြည့်လိုက်ကြသည်။

ဂန္တဝင်စနစ်Where stories live. Discover now