လူများစွာ၏ ချီးကျူးထောပနာ ပြုသံများကို နားထောင်းပြီးနောက် ချင်ကျင်း နှလုံးသားထဲမှ ခံစားသွားရလေသည်။ တတ်နိုင်သလောက် မြန်မြန် သူနန်းတက်ပြီး နိုင်ငံတော်ကို ငြိမ်းချမ်းသာယာ၀ပြောအောင် ဦးဆောင်သွားရမည့်ဟန်ရှိသည်။
သူက မျှတမှုကို ရှာနေတဲ့ လူကောင်းတစ်ယောက်မဟုတ်ဘူးဆိုပေမယ့် ဤလူများကိုကြည့်ပြီးနောက်မှာ မျှတမှုဆိုသည့်အရာအား လိုက်လံရှာဖွေဖို့ စိတ်ဆန္ဒတွေ ကြီးစိုးလာခဲ့ရသည်။ အဆုံးတွင်၊ သူသည် အရင်ဘ၀က သာမန်လူသာဖြစ်ခဲ့ပေသည် မဟုတ်လော။
"ငါနင့်ကို တစ်ကယ် တတိယ မင်းသားဖြစ်နေမယ်လို့မထင်ထားဘူး... တစ်ကယ်လား အလိမ်အညာလားဆိုတာကိုတောင် မခွဲခြားတတ်တော့ဘူး"
သွားရာလမ်းတစ်လျှောက်တွင် ချန်ချင်းချင်း မေးခွန်းထုတ်လိုက်ကာ ချန်ဟောက်ကလည်း ချင်ကျင်းကို သို့လောဟူသော အကြည့်ဖြင့်ကြည့်နေခဲ့သည်။ အကယ်၍ ချင်ကျင်းသာ အမှန်တစ်ကယ် မင်းသားတစ်ပါးဖြစ်သည်ဆိုပါက လက်စားချေလာမည်ကို ကြောက်ရပေမည်။
"ဒါပေါ့ဟ... အဲ့တာက အမှန်ပဲပေါ့" ချင်ကျင်း ဒေါသထွက်ဟန်တစ်စွန်းတစမှ မရှိဘဲ ပြန်ဖြေလိုက်သည်။ ဘယ်လိုပင်ဖြစ်နေပါစေ... သူ၏ သရုပ်မှန်ကို ထုတ်ဖော်ခဲ့ပြီးတာကြောင့် ချန်ချင်းချင်းတို့ သိသွားမည်ကို မစိုးရိမ်တော့ပေ။
"နင်က နယ်နှင်ဒဏ်ပေးခံထားရတာ အဟုတ်ဖူးလား" ချန်ချင်းချင်း သရဲတစ်ကောင်အား မြင်လိုက်ရသည့်အလား မျက်လုံးများ ပြူးကျယ်သွားပြီး မေးလိုက်သည်။ နိုင်ငံတော်၏ ဥပဒေအရ ချင်ကျင်းကျူးလွန်ခဲ့သော အပြစ်ဒဏ်မှာ အလွန်ဆိုးရွားပြီး၊ ဧကရာဇ် သည်တောင်မှ သူ့အား မင်းသားမဟုတ်တော့ဟု ကြေငြာခဲ့သည်။
ချန်ဟောက်၏ မျက်လုံးများတောက်ပသွားခဲ့သည်။ **ဟုတ်တယ်.. ဒီကောင်က နယ်နှင်ဒဏ်ပေးခံထားရတာဘဲ ဥစ္စာ။ နယ်ခြားအလုပ်သမားအဖြစ် အပြစ်ဒဏ်ပေးခံထားရတဲ့ အကျဉ်းသား ဖြစ်တဲ့ သူက မင်းသားတစ်ပါးမှမဟုတ်တော့တာ။**
ဘော
အကျဉ်းသားတစ်ယောက်က ဒီလောက်တောင် မောက်မာရဲတယ်ပေါ့လေ။
ESTÁS LEYENDO
ဂန္တဝင်စနစ်
Aventuraဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...