အပိုင်း (၈၈)

344 26 0
                                    

တဂျီ၊မဟာကောင်းကင်ဘုံခွေး၊ ကျားရွှမ်၊ ချင်ယွင်နှင့် စစ်သားအုပ်စုတို့က ထိုက်ပိုင်ကျင်းရှင်းကို ကြည့်လိုက်ကြသည်။ ဤဆံဖြူ၊ အဝတ်ဖြူနှင့်လူမှာ အလွန်ထူးဆန်းလှပြီး သူ၏ ပါးစပ်ကိုဖွင့်လိုက်သည်နှင့် လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံလိုကရသည်။

"သူက ပင်လယ်ရပ်ခြားက မသေမျိုး ထိုက်ပိုင်ကျင်းရှင်းပါ... လူတိုင်းသူ့ကို လေးစားရမယ်နော်"

ချင်ကျင်းက ဦးဆောင်ပြီး ထိုက်ပိုင်ကျင်းရှင်းဖြင့် မိတ်ဆက်ပေးလိုက်သည်။

မသေမျိုး...

ဤစကားလုံးကလူတိုင်းကို အံ့အားသင့်သွားစေသည်။ ပို၍ အံ့အားသင့်စရာကောင်းသည်မှာ ထိုက်ပိုက်ကျင်းရှင်းက ပင်လယ်ရပ်ခြားမှလာခြင်းပင်ဖြစ်သည်။ တောင်ပိုင်းနယ်မြေမှာ စိတ်ကူးမယဉ်နိုင်လောက်အောင်ကြီးမားသည်။ ကောင်းကင်လနိုင်ငံပင် ကုန်းမြေကြီး၏ ထောင့်‌တစ်နေရာမှ နိုင်ငံငယ်လေးသာဖြစ်သည်။ ဗလာအသွင်‌ပြောင်းခြင်းနယ်ပယ်သည်တောင်မှ တောင်ပိုင်းအသွင်ပြောင်းခြင်းကုန်းမြေကို ဖြတ်ကျော်ရန် အစွမ်းမရှိပေ။

စွမ်းအားရှင်များကတော့ သူတို့၏ အချိန်များကို ပြေးလွှားရင်းကုန်ဆုံးခံမည့်အစား သူတို့၏ စွမ်းအားတိုးတက်ဖို့သာ ကျင့်ကြံနေကြမည်ဖြစ်သည်။

"ဟမ့်... မသေမျိုးပေါ့လေ"

ဖဟိုင်က အေးစက်စက်နှာရှုံ့လိုက်သည်။ သူသာမက ဘေးပတ်ပတ်လည်မှလူများလည်း ဝေခွဲရာမရဖြစ်နေသည့် အမူအရာများကို ထုတ်ဖော်ပြသထားကြသည်။ ထိုက်ပိုင်ကျင်းရှင်းထံမှ သူတို့ မည်သည့် စိတ်ဝိဥာဉ်စွမ်းအင်ကိုမှ မခံစားရပေ။

ထို့ပြင် ချင်ကျင်းက ရေသွားချိုးရင်း မ‌သေမျိုးတစ်ယောက်အားတွေ့လာသည်ဟုပြောပါကလည်း မည်သူက ယုံကြည်နိုင်မည်နည်း။

မ‌သေမျိုးမှာ ဒဏ္ဍာရီသာဖြစ်သည်။

"မသေမျိုး ဆိုတာ အရှင့်သားက ကျုပ်ကို မြှောက်ပင့်ပြော‌ဆိုတဲ့ စကားလုံးသက်သက်ပါပဲ"

ထိုက်ပိုင်ကျင်းရှင်းက နှိမ့်ချလိုက်သည်။

"ဒကာက...မသေမျိုးဖြစ်ဖြစ် လူလိမ်ဖြစ်ဖြစ် ကိုယ်တော်စိတ်မဝင်စားဘူး... ကိုယ်တော််တို့‌ကို ၀င်မနှောင့်ယှက်ပါနဲ့"

ဂန္တဝင်စနစ်Where stories live. Discover now