"ပင်..."နန်ယုရှင်းသည် ဒေါသထွက် နေသော နီလာရောင် မျက်နှာဖြင့် မြေပေါ်တွင် ထိုင်ချလိုက်သည်။ထိုအခါသူ၏ဘေးရှိ အစေခံမှာ အလွန်ကြောက်လန့်သွားပြီး သူမအား နှစ်သိမ့်ရတော့သည်။
"သူဘာလို့ ငါ့အပေါ် အရမ်းအေးစက်စက်နိုင်ရတာလဲ"
"ငါသူ့ကိုနှောင့်ယှက်နေတာမှ မဟုတ်တာကြီးကို။ ငါက သူ့အကြောင်းကို သိချင်ရုံလေးပါ"
"ငါတစ်ခါမှတောင် ယောက်ျားတစ်ယောက်ဖက်တာကို ခံဖူးတာမဟုတ်ဘူး"
နန်ယုရှင်း ခုံပေါ်တွင် တက်ထိုင်လိုက်ကာ ရင်ထဲရှိဒေါသများကို ဖောက်ခွဲထုတ်တော့သည်။ သူမ ဘေးတွင်ရှိသော အစေခံများသည် အံ့အားသင့်သွားကြပြီး တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ ကျင်းသခင်လေးဟုတ်စ။
နိုင်ငံ့မဟာစစ်သူကြီးစံအိမ်တော်၏ အစေခံများအနေဖြင့် ကျင်းသခင်လေး၏ နာမည်အား သူတို့ ကြားဖူးကြသည်။ သူတို့မိသားစု၏ သခင်မလေးမှာ ကျင်းသခင်လေးဆီသို့ သွားခဲ့ပြီး ဒေါသတကြီးပြန်လာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ကျင်းသခင်လေးသည် သူတို့ သခင်မလေး၏ သရုပ်မှန်အား မသိဘူးလော။
အစေခံများ တိတ်တဆိတ်ဖြင့် ဒွိဟဖြစ်နေကြသည်။ ကောင်းကင်လနိုင်ငံရှိ ဂိုဏ်းကြီး သုံးဂိုဏ်း၏ ဂိုဏ်းသားများသည်ပင် နန်ယုရှင်းအားမြင်သောအခါ တရိုတသေ လေးလေးစားစား နှုတ်ဆက်ကြရသည်။ အဆုံး၌ နန်ယုရှင်းသည် သေမျိုးစွန့်ခွာခြင်းနယ်ပယ် စွမ်းအားရှင်တစ်ဦး၏ သမီးသာဖြစ်သည်။
သေမျိုးစွန့်ခွာခြင်းဟူသည့် စကားလုံးတင်လျှင် အရာအားလုံးအားဖြေရှင်းရန် လုံလောက်သည်။
"ဘယ်သူက ငါ့ရဲ့ အဖိုးတန် သမီးလေးကို ဒေါသထွက်အောင်လုပ်လိုက်တာလဲ"
ဤသို့ဖြင့် အိမ်တော် အပြင်ဘက်မှ ရယ်မောသံနှင့်အတူ သက်လက်ပိုင်းအရွယ်လူကြီးတစ်ယောက်သည် အခန်းထဲသို့ နဂါးတစ်ကောင်လို ကျားတစ်ကောင်လို ၀င်လာခဲ့သည်။ သူသည် ၂ မီတာ အရပ်ရှည်ပြီး ကျားတစ်ကောင်၏ ကျောနှင့် ၀က်ဝံတစ်ကောင်၏ ခါးမျိုးရှိသည်။ မျက်ခုံးထူထူနှင့် ကြီးမားသော မျက်လုံးကြီးများရှိပြီး အနက်ရောင် ဖျင်ချည်အင်္ကျီ ကို၀တ်ဆင်ထားသည်။ သူ၏မျက်လုံးများအတွင်းမှ ထွက်နေသော အေးစက်စက် အရှိန်အဝါများသည် လူတစ်ယောက်အား အလွယ်တကူကျောချမ်းသွားစေနိုင်၏။
VOCÊ ESTÁ LENDO
ဂန္တဝင်စနစ်
Aventuraဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...