အပိုင်း(၉)

455 35 0
                                    


"ဝုတ် ဝုတ် ဝုတ်"
ကျင့်ကြံသူတွေ တစ်ယောက် တစ်ပေါက် အော်ဟစ်နေချိန်မှာ ခွေးမည်းဟာ မြန်သထက်မြန်လာခဲ့သည်။ သူ့ရဲ့ လျှာဟာ ပါးစပ်အပြင်ဘက်ကို တွဲလောင်းကျနေပြီး၊ သရေတွေ အဆက်မပြတ်စီးကျနေတာဟာ အလွန်ရယ်စရာကောင်းသည်။

ဝေါင်း….ဝူး….ဝါး...

ထို့အပြင် မရေမတွက်နိုင်တဲ့ မိစ္ဆာသားရဲ တွေက အဆက်မပြတ် ကျယ်ကျယ်လောင်လောင် မာန်ဖီနေသံတွေက၊ ချီသန့်စင်ခြင်းကျင့်ကြံသူတွေကို ကြက်သီးတစ်ဖြန်းဖြမ်းထသွားစေသည်။ လူတိုင်းက သူတို့ မိဘတွေကို ခြေနှစ်ချောင်းပဲပါအောင် မွေးလာခဲ့ပေးလို့ အပြစ်တင်နေကြသည်။
ဒီအချိန်မှာတော့တဂျီ သယ်ဆောင်ထားတဲ့ ချင်ကျင်းဟာ၊ သားရဲ အုပ်လိုက်ကြီးကိုကြည့်လိုက်ပြီး

"ဟေး၊ မိစ္ဆာသားရဲတွေကိုသတ်ရင်ကော အတွေ့အကြုံအမှတ်တွေရမှာလား" လို့‌ စနစ်ကိုမေးလိုက်သည်။

"ရနိုင်ပါတယ်။ သတ်မည့်သူဟာ ရန်သူဖြစ်နေသရွေ့အတွေ့အကြုံအမှတ် တွေရနေမှာဖြစ်ပါတယ်"

စနစ်က အလျင်အမြန်ပဲ ပြန်ဖြေလိုက်သောအခါ ချင်ကျင်းရဲ့ စိတ်တွေ ချက်ချင်းပင်တက်ကြွသွားသည်။ *ဒီမှာမိစ္ဆာသားတွေ အများကြီးရှိတယ်၊သူတို့အကုန်လုံးကိုသတ်ရင်၊ အတွေ့အကြုံအမှတ်တွေဘယ်လောက်ရမလဲဆိုတာ ဘုရားပဲသိနိုင်လိမ့်မယ်*

သူထိုသို့တွေးပြီးနောက်မှာတော့ တဂျီကိုမေးလိုက်သည်။

"တဂျီ၊ နင်ဒီသားရဲ အုပ်ကြီးကို အနိုင်ယူနိုင်လား"

တဂျီရဲ့ နှုတ်ခမ်းထောင့်စွန်းများ ‌တွန့်ကွေးသွားပြီး၊ ကူကယ်ရာမဲ့စွာပြောလိုက်သည်။

"အရှင့်သား၊ ဒီသားရဲအုပ်ကြီးကို ကျွန်မဘယ်လိုအနိုင်ယူနိုင်မှာလဲ။ ဒီလောက်များတဲ့ သားရဲပမာဏအရဆိုရင်၊ မိစ္ဆာဘုရင်ကပြောင်းရွှေ့နေတာပဲဖြစ်ရမယ်။"

မိစ္ဆာဘုရင်.......

ချင်ကျင်း သိလိုစွာဖြင့်မေးလိုက်သည်။

"မိစ္ဆာဘုရင်က အရမ်းသန်မာတာလား"

"မိစ္ဆာဘုရင်တိုင်းက အနည်းဆုံး ‌ဗလာအသွင်ပြောင်းခြင်း နယ်ပယ်မှာရှိတယ်။ ဒီသားရဲအုပ်အရွယ်အစားအရ၊ မိစ္ဆာဘုရင်ကကျွန်မထက်တောင်မှ ပိုသန်မာနိုင်တယ်"

ဂန္တဝင်စနစ်Onde histórias criam vida. Descubra agora