အပိုင်း(၈)

467 38 0
                                    


ချန်ချင်းချင်းနဲ့ ချန်ဟောက်တို့ ရှိနေတာကြောင့် ချင်ကျင်း တဂျီနဲ့ပျော်ပါးလို့မရတော့ပေ။ ထိုအပြင်အဲ့ဒီညမှာ၊ ညစာအတွက် တဂျီ ယုန်သုံးကောင်ဖမ်းပြီး အသားကင်လိုက်သည်။ ချန်ဟောက်က တဂျီကို မျက်စိအစားကျွေးပြီးကြည့်နေတာကြောင့်၊ ချင်ကျင်း သူ့ကို ယုန်သားကင် ဝေမျှပေးဖို့ စေတနာမရှိပေ။ ချန်ဟောက် လည်း ဒေါသထွက်သွားပြီး၊ ချန်ချင်းချင်း သူ့ကို ပေးတာတောင်မှ သူမယူနိုင်ခဲ့ပေ။

ယောက်ျားတစ်ယောက်ရဲ့ သိက္ခာတရားပင်....

ထို့နောက် ချန်ဟောက် တိုးတိုးတိတ်တိတ်နဲ့ သူ့လက်ထဲက ရိက္ခာခြောက်တွေကိုပဲစားနေလိုက်ပြီး၊ ချင်ကျင်းရဲ့ ဘိုးဘေး ၁၈ ဆက်လုံးကို ကျိန်ဆဲနေလိုက်သည်။ ယုန်သားကင်စားပြီးတဲ့နောက်မှာ၊ ချင်ကျင်း တို့သုံးယောက် ပင်ပန်းလာခဲ့တာကြောင့် သစ်ပင်ကြီး တစ်ပင်အောက်မှာ လှဲလိုက်ကြသည်။ တဂျီက အလယ်မှာနေရာယူလိုက်ကာ၊ ချင်ကျင်းနှင့် ချန်ချင်းချင်းတို့က သူ့ဘေးမှာ နေရာယူပြီး လှဲလိုက်တဲ့အချိန်၊ ချန်ဟောင်ကသူတို့ကို အံ့ကြိတ်လျက်ကြည့်နေတာကိုမြင်လိုက်ကြရသည်။

ညတာဟာ ဘာလိုလိုနဲ့ကုန်ဆုံးသွားခဲ့သည်။ တောကြီးမျက်မည်းထဲမှာ ဖြစ်ပေမယ့်၊ စိတ်ပင်ပန်းလွန်းတာကြောင့်၊ ချင်ကျင်း တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် ပင်အိပ်ပျော်သွားခဲ့သည်။
……
နောက်တစ်နေ့၊ ချင်ကျင်း သူ့နှာခေါင်းက ယားယံတယ်လို့ ခံစားနေရတာကြောင့်၊ မျက်တောင် တစ်ခတ်ခတ်ဖြစ်နေပြီး၊ သူမျက်စိကို ဖွင့်လိုက်တဲ့အချိန်မှာ ချန်ချင်းချင်းရဲ့ လှပတဲ့မျက်နှာလေးက သူ့မြင်ကွင်းထဲကို၀င်လာခဲ့သည်။ သူတို့နှစ်ယောက်က အရမ်းနီးကပ်နေတာကြောင့် သူရုတ် ခြည်း မတ်တပ်ထရပ်လိုက်တာဟာ၊ ချန်ချင်းချင်းကို ခြောက်လှန့်သလိုဖြစ်သွားခဲ့ပြီး၊ သူမသစ်ပင်အောက်မှာ ဖင်ထိုင်လျက်လဲကျသွားသည်။

"မင်းအမေ...မနက်စောစောစီးစီးဘာလုပ်နေတာလဲ"

ချင်ကျင်း အော်လိုက်ပြီး၊ ဒရမ်တီးသလို သူ့နှလုံးဟာအဆက်မပြတ် ခုန်နေတာကြောင့် သူ့ယာဘက် လက်နဲ့ ရင်ဘက်ကိုဖိထားရသေးသည်။

ဂန္တဝင်စနစ်Where stories live. Discover now