အပိုင်း (၃၇)

396 37 0
                                    


"သန်မာလိုက်တာ။"

ကွမ်ယုအား ချင်ယွီ တအံ့တအားကြည့်လိုက်၏။ သူသည် စစ်ရေးစစ်ရာတွင်သာမက နိုင်ငံရေးတွင်ပါ ထူးချွန်ထက်မြတ် သောကြောင့် ကွမ်ယုသည် အလွန်ထူးခြားကြောင်းကို သူပြောနိုင်နေသည်။

ကွမ်ယု၏ လွှမ်းမိုးခြင်း အရှိန်အဝါများသည် သူ့အား ဘုရင့်သက်တော်စောင့် မဟာစစ်သူကြီး နန်မုန့်အား အမှတ်ရသွားစေသည်။

ထို့ပြင် ကွမ်ယု၏ ဖိနှိပ်ခြင်း အသိမှာ နန်မုန့်ထက်ပို၍သန်လေသည်။

ထိုအချိန်တွင်အံ့အားသင့်သွားသူမှာ သူတစ်ယောက်တည်းသာလျှင်မဟုတ်ပဲ လူတိုင်းပင်ဖြစ်သည်။ နာမည်ကြီးသော သွေးဓားအစောင့်သည်ပင် ကွမ်ယုအား ရုတ်တရက်မြင်လိုက်ရသောအခါ ကြက်သီးမွှေးညင်းများထောင်ထသွားရသည်။ ကြည်ပြာရောင်၀တ်အမျိုးသမီးကလည်း ကွမ်ယုအား စူးစိုက်ကြည့်လို့နေသည်။

"တစ်ကယ့် ယောက်ျားကောင်းတစ်ယောက်ဘဲ"

ဆိုင်ရှင်သည် သက်ပြင်းချလိုက်ပြီး စားပွဲထိုးအား ကွမ်ယုအား ကူညီပေးရန် အလျင်အမြန် ပြောဆိုလိုက်သည်။

"ဧည့်သည်က အခန်းငှားချင်တာပါလား"

ဆိုင်ရှင်စူးစမ်းစွာမေးလိုက်သည်။ စီးပွားရေးပညာရှင်တစ်ယောက်အနေနှင့် မည်သူ့ကို အနိုင်ကျင့်နိုင်သည် မည်သူ့ကိုတော့ အပြစ်မပြုသင့်ဆိုသည်ကို သူနားလည်သဘောပေါက်ထားသည်။

မရေမတွက်နိုင်သော လူများအား သူမြင်တွေ့ခဲ့ဖူးပြီးဖြစ်ကာ ရွှေဗဟိုနယ်ပယ် စွမ်းအားရှင်များပင် ပါ၀င်လေသည်။ သို့သော် မည်သူမှ ကွမ်ယု လိုစွမ်းအားရှင်ထက်ပိုပြီး ကြောက်စရာ မကောင်းပေ။

ကွမ်ယု ခေါင်းညိတ်ပြပြီး ပြောလိုက်သည်:

"ဟုတ်တယ်"

စကားပြောနေရင်း တည်းခိုခန်းထဲမှ လူများအား သူ၏ ဖီးနစ် မျက်လုံးများဖြင့်ကြည့်လိုက်သည်။ သူ၏ အကြည့်ဖြတ်သွားချိန်တွင် မည်သူမှ သူ့အားပြန်မကြည့်ရဲကြချေ။

ချင်ယွီအား မျက်လုံးထဲမထည့်ထားသည့် ကြည်ပြာရောင်၀တ်အမျိုးသမီးသည်ပင် သူမ၏ ခေါင်းကို အလျင်အမြန်ငုံ့လိုက်ရပြီး မှင်သက်စွာ တွေးတောနေမိသည်:

ဂန္တဝင်စနစ်Where stories live. Discover now