"ဒီသခင်လေးရဲ့ သရုပ်မှန်က ဘာများလဲ"
"မင်းအဲ့ဒီလူသန်ကြီး သူ့ကို အရှင့်သားလို့ခေါ်လိုက်တာ မကြားဘူးလား"
"ဟေ...မင်းအဲ့လိုပြောတော့မှ ဒီသခင်လေးကို မြင်ဖူးနေသလိုလိုပဲ"
"သူလည်း မင်းသား တစ်ပါးပဲလားမသိဘူး"
"မဖြစ်နိုင်ပါဘူးကွာ။ ပဉ္စမမင်းသားတောင် သူ့မျက်လုံးထဲရှိတာမဟုတ်ဘူး"
နားခိုရာတည်းခိုခန်းအတွင်းရှိ ဧည့်သည်များသည် တစ်ယောက် တစ်ပေါက် ပေါက်ပေါက်ဖောက်နေကြသည်။ ယခင်က တည်းခိုခန်းတစ်ခုလုံးအား တုန်လှုပ်သွားစေသူ ကွမ်ယုသည် ယခု ချင်ကျင်းရှေ့မှောက်၌ ဒူးထောက်နေလျက်ရှိသောကြောင့် လူတိုင်းအားအတွေးကမ္ဘာထဲမှ ပြန်ထွက်နိုင်ရန် ခဲယဉ်းနေစေသည်။
ကြည်ပြာရောင်၀တ်အမျိုးသမီးမှာတော့ ချင်ကျင်းအား ဝံပုလွေတစ်ကောင်သည် သိုးအား မြင်လိုက်ရသည့်အလား ကြည့်နေလိုက်သည်။
ချင်ကျင်းသည် အလျင်အမြန်ပင် ကွမ်ယုကိုထူပေးလိုက်ပြီး သူ၏နောက်မှ လူများအား မိတ်ဆက်ပေးလိုက်သည်:
"ဒါက ငါပြောနေတဲ့ မိုးထိတိမ်အောင် ဂုဏ်ရှိန်ကျော်ဇောတဲ့ အတုယူဖွယ် ကွမ်ယွင်ချန်းဖြစ်တဲ့ ကွမ်ယုပဲ"
ချင်ကျင်းသည် ကွမ်ယု၏ သေရည်နွေး၊ ဟွာရှန်ကိုသတ်ဖြတ်ခြင်း တို့ကို ပြောထားသော ကြောင့် ကွမ်ယုသည် ကလေးများ၏ ရိုသေလေးစားမှုကို ရရှိထားသည်။ ယန်မော့ပိုင်ပင်လျှင် ကွမ်ယုအား ကြောက်ရွံ့စွာ ကြည့် နေကြသည်။
ကုန်သည်အသင်း၌ အနှစ်၂၀ ကျော်လုပ်သက် သက်တမ်းတစ်လျှောက်တွင် ဤမျှကြီးမားသောလူတစ်ဦးအား သူပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ကွမ်ယုသည် သူနှင့် အဝေးတွင်ရပ်နေသော်လည်း အလွန်သန်မာသော ဖိအားကို ခံစားနေရသည်။ မည်မျှပင်သန်မာလိုက်ပါသနည်း။
မိုးထိတိုင်အောင် ဂုဏ်ရှိန်ကျော်ဇောခြင်း။
ကွမ်ယု၏ မျက်လုံးများတောက်ပသွားသည်။ ဤရိုးရှင်းသော စာတစ်ကြောင်းသည် သူ၏ နှလုံးသားထဲမှ မာနစိတ်များအား မီးစာလောင်းပေးလိုက်သလိုဖြစ်သွားသည်။ တစ်ချိန်တည်းတွင်လည်း ချင်ကျင်းအပေါ်ထားသည့် သူ၏ ခံစားချက်များမှာ အကန့် အသတ်မရှိ ကောင်းမွန်သွားတော့သည်။ မည်မျှပင်သန်မာသည်ဆိုစေ ၊အဆုံးတွင် ကွမ်ယုသည်လူရိုးကြီးတစ်ယောက်သာဖြစ်ပေသည်။
YOU ARE READING
ဂန္တဝင်စနစ်
Adventureဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...