အပိုင်း (၇၉)

282 24 0
                                    

ချင်ကျင်း၏ရုတ်တရက် အော်သံက မီးခိုးရောင်ဝံပုလွေကို ဆွဲဆောင်သွားသည်။ထို့နောကိ သူ လှံရှည်အားကိုင်ဆောင်ထားသည်ကို မီးခိုးရောင်ဝံပုလွေမြင်သော်လည်း ဂရုမထားဘဲ သူ့ဆီကိုသာ တိုက်ရိုက်ပြေး၀င်သွားသည်။

ဝံပုံလွေကြီး၏ ခန္ဓာကိုယ်သည် ကျည်ဆံတစ်တောင့်လို ပြေးထွက်သွားကာ အစောင့်များပင်အလျှင်အမြန်ရှောင်လိုက်ရ၏။ထိုနည်းလည်းကောင်း မြေပြင်ပေါ်တွင် ဖင်ထိုင်လျက် လဲကျနေသည့် သွေးဓားဘုရင်လည်း ဘေးကို အမြန်ရှောင်လိုက်ရသည်။

"တကယ့်ခွန်အားကို ပြရသေးတာပေါ့ကွာ"

ချင်ကျင်းအော်လိုက်သည်။ သူ၏လက်ကြွက်သားများတောင့်တင်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးအားကိုသုံး၍ ငွေနဂါးစိတ်ဝိညာဉ်ပြစ်ဒဏ်ခတ်ခြင်းလှံကို ရှေ့သို့ လွှဲရမ်းလိုက်သည်။ထိုအခါ လေခွင်းသံများထွက်ပေါ်လာပြီး လူတိုင်းမှာ သူနှင့် မီးခိုးရောင်ဝံပုလွေတို့ကို ကြည့်နေကြသည်။

ထိုအချိန်တွင် ချင်ကျင်းမှာ အလွန်အစွမ်းထက်နေသည့်ဟန်ရသည်။ သူထွက်လာသည့်အချိန်တွင် စစ်သည်များစိတ်လှုပ်ရှားသွားကြပြီး ချင်ယွင်နှင့် ကျားရွှမ်တို့ပါ သူ့အား ထူးဆန်းသောအကြည့်များဖြင့် ကြည့်လိုက်သည်။

သူတို့ထဲတွင် ချင်ယွီ၏ မျက်နှာတစ်ခုတည်းသာ ယင်ကောင်ကို စားလိုက်ရသလို အရုပ်ဆိုးနေသည်။

ထို့နောက်အသံကျယ်ကျယ်တစ်ချက်နှင့်အတူ..

ငွေနဂါးစိတ်ဝိညာဉ်ပြစ်ဒဏ်ခတ်ခြင်းလှံနှင့် မီးခိုးရောင်ဝံပုလွေ၏ လက်သည်းတို့ထိစပ်သွားကြပြီး သန်မာသော အားလှိုင်းများ အရပ်မျက်နှာပေါင်းစုံသို့ လွင့်စင်သွားသည်။ ကျောက်တုံးကျောက်စများလွင့်ပျံကုန်ကြပြီး သစ်ရွက်များလည်း လေနှင့်အတူ မျောပါသွားကြသည်။ လူတိုင်း၏ စိတ်လှုပ်ရှားနေကြနေသာ အကြည့်များအောက်တွင် ချင်ကျင်းနှင့် မီးခိုးရောင်ဝံပုလွေတို့ တစ်ပြိုင်နက်တည်း အတူတူ‌ နောက်ဆုတ်လိုက်ကြသည်။

မီးခိုးရောင်ဝံပုလွေမှာ နောက်သို့ ၂ မီတာလောက် ခုန်ဆုတ်သွားပြီး ချင်ကျင်း၏ ခြေထောက်သည်လည်း မြေပြင်ပေါ်သို့ပြန်ကျလာသည်။ထို့ပြင် သူနောက်သို့ ၈ မီတာလောက် ‌မြေပြင်ကို ‌တရွတ်တိုက်ဆွဲသွားပြီးမှ ရပ်တန့်လိုက်နိုင်သည်။ သေချာစွာကြည့်ရှုမည်ဆိုပါက သူ၏ လက်များ သွေးထွက်နေသည်ကို မြင်နိုင်မည်ဖြစ်သည်။

ဂန္တဝင်စနစ်Where stories live. Discover now