ဝိညာဥ်အထူးပြုဂိုဏ်းမှ ထွက်လာပြီး ၅ရက်မျှကြာသော် ချင်ကျင်းတစ်ယောက် မင်းနေပြည်တော်နှင့် နီးသထက် နီးလာခဲ့လေပြီ။
ကျိုးချန်းကျီ ရှုံးနိမ့်သွားသည့် သတင်းမှာလည်း ပြန့်နှံ့နေပြီဖြစ်သည်။ ဝိညာဉ်အထူးပြုဂိုဏ်းမှ ဤသတင်းအား ချိတ်ပိတ်ထားသည် ဆိုသော်ငြား၊ဂိုဏ်းထဲရှိ အခြားအင်အားစုများမှ သူလျှိုများကြောင့်၊ ဤသတင်း၏ ပြန့်နှံ့နှုန်းအား ထိန်းချုပ်ရန်ပင်အချိန်မရလိုက်ပါချေ။
ကောင်းကင်လနိုင်ငံ၏ နံပါတ် (၁) ပါရမီရှင် ကျိုးချန်းကျီမှာလျှို့ဝှက်ဆန်းကြယ်သောလူငယ်လေးတစ်ယောက်ထံတွင် ရှုံးနိမ့်သွားသည်ဆိုသော သတင်းမှာ နိုင်ငံတစ်၀န်းတွင်ပြန့်နှံ့နေပြီဖြစ်သည်။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ချင်ကျင်း၏ သရုပ်မှန်မှာမူ မပြန့်နှံ့သွားခဲ့ပေ။ အဓိက ဂိုဏ်းသားများကြားထဲတွင် မည်သည့် သူလျှိုမှမရှိသောကြောင့် ၊မည်သူက ကျိုးချန်းကျီအား အနိုင်ယူသွားခဲ့သည်ဆိုသည်မှာလည်း အပြင်သို့ တစ်လုံး တပါဒမျှ မထွက်ခဲ့ပေ။
ဤကိစ္စ၏ လက်သည် တရားခံဖြစ်သည့် ချင်ကျင်းမှာ သူ၏လုပ်ရပ်များက ကောင်းကင်လနိုင်ငံ၏ ကျင့်ကြံခြင်းလောကထဲ ပြန့်နှံ့နေပြီဖြစ်ကြောင်းကိုမသိသေး။
ထိုအချိန်တွင် သူသည် တောင်တန်းအသွယ်အသွယ်ကို ကျော်ဖြတ်ရင်း မင်းနေပြည်တော်နှင့် လီအနည်းငယ်သာ ဝေးကွာတော့သည်။ တော်၀င်မြို့တော်တွင် လူအများ၏အာရုံစိုက်ခြင်းကိုမခံရစေရန်၊ ချင်ကျင်းသည် မြို့တစ်ခုကို ကျော်ဖြတ်ချိန်တွင် အစောင့်အ၀တ်အစားများကို အဖြူရောင်အ၀တ်အစားများ အဖြစ်သို့ ပြောင်း၍၀တ်လိုက်သည်။ မည်သို့ပင်ဆိုစေ အဖြူရောင်၀တ်စုံ၊ ရွှေရောင်အနားသတ်များနှင့် ဆံပင်ကို စည်းထားသော အနက်ရောင် ခေါင်းစည်းကြိုး၊ သူ၏ ချောမောသော မျက်နှာတို့ကြောင့် လူအများ၏ မျက်စိဖမ်းစားခြင်းကိုခံနေရဆဲဖြစ်သည်။
သို့သော်လည်း ချင်ကျင်းမှာ ထိုသို့သော အကျိုးမဲ့သည့်အရာများပေါ်တွင် သာယာခံစားမွေ့ပျော်နေတတ်သူတစ်ယောက်မဟုတ်ပေ။
YOU ARE READING
ဂန္တဝင်စနစ်
Adventureဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...