"ဒေါင်""ကျပန်း နတ်ဘုရားနှင့် မိစ္ဆာတို့ကို စတင်ဆင့်ခေါ်နေပါပြီ"
"ဒေါင်"
"စနစ်ရှင်မှ မဟာဗိုလ်ချုပ်ကြီး လေးဦးထဲက မဟာစစ်သူကြီး ကွမ်ကို ဆင့်ခေါ်နိုင်ခဲ့သည့်အတွက်ဂုဏ်ယူပါတယ်"
"ကွမ်ယု (စစ်နတ်ဘုရားကွမ်)"
"မျိုးနွယ်စု : လူသား မျိုးနွယ်"
"ကျင့်ကြံခြင်းအဆင့် : ဗလာအသွင်ပြောင်းခြင်းနယ်ပယ် အဆင့် ၉"
"ကျင့်ကြံခြင်းနည်းစနစ်: သိုင်းတာအို သူတော်စင် ချီ
မိုးပြားနဂါးသတ် နတ်ဓား၊မြင်းသတ်ဓား""နတ်စွမ်းရည် : နတ်ဆိုးသတ်ဖီးနစ်မျက်လုံး"
"စီးတော် : နတ်ယုန်နီမြင်း"
"သစ္စာရှိခြင်း အဆင့် : ၈၅ (၁၀၀သည် အကန့်အသတ်)"
ကွမ်ယု
သေရည်နွေး၊ ဟွာရှန်ကို သတ်ဖြတ်ခြင်း၊ ကွမ်ယု၏ လမ်းငါးခုကို ဖြတ်ကျော်ကာ စစ်သူကြီး ခြောက်ဦးအား သုတ်သင်ခြင်း..
ရုတ်တရက် ချင်ကျင်း ကြက်သေ သေသွားသည်။ သူ့ဦးနှောက်သည် ဗလာကျင်းလျက်ရှိပြီးအလျင်အမြန်မေးလိုက်သည်။
"ကွမ်ယုကလည်း မသေမျိုးပဲလားဟ"
"ဟုတ်ပါတယ်။ "
"သုံးပြည်ထောင် အချစ်ဇာတ်လမ်း ကဲ့သို့ အချစ်ဇာတ်လမ်းတွေနဲ့ ဒဏ္ဍာရီတွေကို ဝါဒဖြန့်ပြီးနောက် သူတော်စင် စစ်ပွဲအပြီးမှာ ကွမ်ယုဟာ စစ်ပွဲနတ်ဘုရားကွမ် အဖြစ် အမည်တွင်ခဲ့ပါတယ်။ စနစ်သည်လည်း ကွမ်ယုအား မဟာစစ်သူကြီး လေးဦးဖြစ်သည့် မား၊ ကျောက်၊ ၀မ်၊ ကွမ် တို့မှ ဆင့်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်"
(Guan တွေကို ကျွန်တော်ဖတ်ရလောက် Warlord စစ်ပွဲအရှင်တွေလို့ပြောကြတယ် ဟုတ်မဟုတ်တော့ သေချာမသိတော့ဘူး)
"ဤကွမ်ယုသည်လည်း ကောင်းကင်ဘုံ နန်းတော်၏ နတ်တံခါးမုခ်၀များရှိ အစောင့်များထဲမှ တစ်ယောက်ဖြစ်ပါတယ်။ တောင်ဘက် ကောင်းကင်ဘုံတံခါးကို စောင့်ရှောက်ရန်အတွက် ကျောက်စိမ်း ဧကရာဇ်ဟာ စစ်သူကြီးကွမ်ကို အစောင့်အဖြစ်ရွေးချယ်ခဲ့ပါတယ်။ သူဟာ ခွန်အားသန်မာပြီး အသွင်အပြင်ကလည်း ခန့်ညားပါတယ်။ ကွမ်ယုဟာ သန်မာတာ မှန်သော်လည်း အမျိုးမျိုးသော ပုံစံကွဲ ဒဏ္ဍာရီများအရ မား၊ ကျောက်၊ ၀မ်၊ ကွမ်တို့ကို သေမျိုးများဟုသာသိထားကြပါတယ်။ စနစ်သည် မဟာစစ်သူကြီး လေးဦးဖြစ်သော မား၊ ကျောက်၊ ၀မ်၊ ကွမ်တို့ကို စနစ်စာရင်းထဲတွင်ထည့်သွင်းထားပါတယ်"
STAI LEGGENDO
ဂန္တဝင်စနစ်
Avventuraဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...