အပိုင်း (၁၀၆+၁၀၇)

208 14 0
                                    

အပိုင်း (၁၀၆)

"ငါ့ကိုတကယ်သတ်နိုင်မယ်လို့ ထင်နေတာလား"

ချင်ကျင်းက အန်ရှောင်အား အထူးအဆန်းကြည့်ပြီး မေးလိုက်သည်။ ညနက်အိမ်တော်က ဤလိုပဲလော..။

သို့မဟုတ် အန်ရှောင်သည်ပဲ အချက်အလတ်စုဆောင်းခြင်းအရာ၌ ညံ့နေသည်လော...။

ငါရွေဗဟိုနယ်ပယ်နဲ့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ် ကျင့်ကြံသူတွေကိုအနိုင်ယူခဲ့တာ သူမသိဘူးလား...။

နည်းနည်းတော့ ထူးဆန်းတယ်...။

ထိုအချိန်၌ အန်ရှောင်မှာ ဝါးခမောက်ကိုဆောင်းထားသောကြောင့် သူ၏ အမူအရာကို မည်သူကမှ မမြင်ရကြပေ။ထို့နောက်သူက ပြုံး၍ ပြောလိုက်သည်:

"ကုန်းစွန်းတုက မင်းသတ်တာကိုခံလိုက်ရတယ်ဆိုပေမယ့် ငါကတော့ ကုန်းစွန်းတုနဲ့ တူနေမှာမဟုတ်ဘူး"

ကောင်းကင်လနိုင်ငံအပေါ်ရှိ သူ၏နားလည်မှုအရဆိုလျှင် နန်းတွင်းရင်ပြင်၌ ကွမ်ယုနှင့် နန်မုန့်ဟုခေါ်သော သေမျိုးစွန့်ခွာခြင်းနယ်ပယ်စွမ်းအားရှင်နှစ်ဦးသာရှိသည်။ ယခုသူတို့နှစ်ဦးစလုံးမှာ စစ်မြေပြင်သို့ထွက်နေရသောကြောင့် ပုန်းကွယ်နေသော နဂါးသိုင်းစုရုံးပွဲကို လိုက်လံ ပို့‌ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။

ဤသည်များမှာ ချင်ယွီထံမှရသော အချက်အလတ်များဖြစ်၏။ ယခု၌မူ ချင်ယွီမှာ သေသွားပြီးဖြစ်သောကြောင့် ဖဟိုင်၊ ထိုက်ပိုင်ကျင်းရှင်းနှင့် လုံနူရှောင်းလီတို့အကြောင်းကို သူမသိပေ။

"အိုး... ဒီလူက ဗလာအသွင်ပြောင်းခြင်းနယ်ပယ်မို့လား"

ချင်ကျင်းက စိတ်၀င်စားဟန်ဖြင့် မေးလိုက်သည်။

"ဟမ့်"

ထိုအခါ လူသန်ကြီးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူ၏ အသံထဲတွင် ဒေါသများရောစွက်ပါနေလေ၏။

ချင်ကျင်းမှာ သူ့အား ပျက်ရယ်ပြုနေသည်ဟု သူထင်နေခြင်းဖြစ်သည်။

အန်ရှောင်က အေးစက်စက်ပြုံးလိုက်၍:

"ဗလာအသွင်ပြောင်းခြင်းနယ်ပယ် တည်ရှိမှုက ဘာမို့လို့လဲ... ပြီးတော့ ထိုက်တန်လို့လား"

ဂန္တဝင်စနစ်Where stories live. Discover now