အပိုင်း(၁၁)

480 41 0
                                    

ချင်ကျင်းနဲ့အခြားသူတွေကိုကြည့်ပြီး၊ သားရဲအုပ်ကြီးပြိုကွဲကာ အမြန် ထွက်ခွာသွားကြသည်။

"ကောင်းပြီ၊ အားလုံးပဲ ငါတို့နောက်ကို ဆက်လိုက်နေစရာမလိုတော့ဘူးမလား"

ချင်ကျင်း နောက်လှည့်ကာ ပြောလိုက်သည်။ သူ့နောက်ကိုလိုက်လာတုန်းက သူတိတ်ဆိတ်နေခဲ့တာဟာ သူတို့တစ်တွေဟာလူသားမျိုးနွယ်တူတွေဖြစ်လို့ပဲ ဖြစ်သည်။ သူတို့နဲ့ ရန်ငြိုးဖွဲ့ထားတာ မရှိဘူးဆိုရင် တောင်မှ၊ သူက ကူညီဖို့အတွက် ဆန္ဒရှိမနေပေ။ ဒါပေမယ့် အလကား ဒုက္ခမခံစေချင်လို့ ကူညီလိုက်တာပဲ ဖြစ်သည်။

"ကျွန်‌တော် ဟော့ဒီက သခင်လေးရဲ့နာမည်ကိုတော့မသိပါဘူး။ ဒါပေမယ့် ကျွန်တော့်နာမည်က လန်ရိုကျီပါ၊ သခင်လေးရဲ့အကူအညီအတွက် အများကြီးကျေးဇူးတင်ပါတယ်"

အပြာရောင်အင်္ကျီ ၀တ်ဆင်ထားကာ ခါးမှာ ဓားရှည်တစ်ချောင်းကိုချိတ်ဆွဲထားတဲ့ ရုပ်ချောတဲ့ လူတစ်ယောက်ထွက်လာပြီး၊ သူ့လက်နှစ်ဖက်ကို ရေခွက်ပုံစံ(သိုင်းလောကက ‌ကျေးဇူးတင်တဲ့ အပြုအမူလိုပဲ) လုပ်ကာ ဦးညွတ်လိုက်သည်။ ‌သူ့ချောမောသော မျက်နှာပေါ်က အပြုံးက ချင်ကျင်း သူ့အပေါ်အထင်အမြင်ကောင်းတွေ ကျန်နေစေသည်။

*ချောသားပဲ*

မင်းရဲ့မိဘတွေက မင်းကို အများကြီးတန်ဖိုးထားပေးခဲ့တာကြောင့် မင်းဒီလို ရုပ်ရည်မျိုးကို ရလာခြင်းဖြစ်တယ်။

"ချင်ကျင်းပါ"

ချင်ကျင်း သူ့လက်ဝှေ့ယမ်းကာပြောလိုက်သည်။ သူ့သရုပ်မှန်ကို ဖုံးကွယ်ထားဖို့ဆန္ဒမရှိပေ။ အရင် ချင်ကျင်းက တော်၀င်မိသားစုရဲ့ အရှက်ရစရာဖြစ်တာကြောင့် သူ့အချက်အလက်တွေကို ဘုရင့်‌ နန်းတော်က ပိတ်ဆို့ထားခဲ့တာ​ဖြစ်ပြီး၊ နည်းပါးသော ပမာဏရှိတဲ့ လူတွေကပဲ တတိယ မင်းသား အကြောင်းကို သိကြသည်။

"သခင်လေး ချင် မင်္ဂလာပါ၊ ကျွန်မနာမည်က လီယု၊ လောင်ကျွမ်းချိုင့်ဝှမ်းကပါ..."

"သခင်လေး ချင်၊ ကျွန်တော့်နာမည်က ၀မ်ယွီဟန်း၊ ခရမ်းအလင်းဂိုဏ်းကပါ..."

ဂန္တဝင်စနစ်Donde viven las historias. Descúbrelo ahora