အပိုင်း (၉၆+၉၇+၉၈)

289 26 0
                                    

"စင်ကြယ်သူသုံးဦး... ရှမန်ဘိုးဘေး ၁၂ ယောက်... မိစ္ဆာဘုရင်နဲ့ မိစ္ဆာဧကရာဇ်... ဟောင်ကျွင်း... ဖန်ကူ... နူဝါ... ဘုရင်သုံးပါးနဲ့ ဧကရာဇ်ငါးယောက်... ဘော... ထက်ပြီးမစဉ်းစားနိုင်တော့ဘူး သူတို့ကို ဆင့်ခေါ်မိရင် ငါပဲရှုံးမှာ"

ချင်ကျင်းက တိုးညှင်းစွာရေရွတ်နေလိုက်သည်။ထိုအခါ သူ၏ဘေးမှ တဂျီမှာ စူးစမ်းသွာဖြင့်:

"သခင်‌လေးရေရွတ်လိုက်တဲ့ နာမည်တွေကို ကြားဖူး နေသလိုပဲ... သူတို့အားလုံးက တစ်ကယ်ကို လွှမ်းမိုးနိုင်စွမ်းကြီးသလို ခံစားရတယ်"

ဤစကားအားကြားရသော် တဂျီအား ချင်ကျင်းက အံ့အားသင့်စွာကြည့်လိုက်သည်။ ဒီကောင်မလေး သူ့အရင်ဘ၀က မှတ်ဉာဏ်တွေ ပြန်မရလာလောက်ပါဘူးနော်...

"ငါ့ရဲ့ အနာဂါတ် အစေခံတွေကို ဖတ်ကြည့်နေတာပါ"

ချင်ကျင်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။

ထိုအခါ တဂျီက သူမ၏ မျက်ခုံးများကို ပင့်လိုက်ပြီး:

"သခင်လေးက အနာဂါတ်ကို ပြောနိုင်တယ်ပေါ့"

"မင်းလေးက ဉာဏ်ကောင်းတယ်"

"ဒါဆိုရင် ဘာလို့ ကောင်းကင်နဲ့ မြေပြင်ကို စိုးမိုးမယ်လို့မပြောတာလဲ"

"သေချာပေါက်ကိုစိုးမိုးမှာလေ ပြောနေစရာလိုသေးလို့လား"

"သခင်လေးရဲ့ အရေကတော့ ထူမြဲ ထူဆဲပဲနော်"

သို့ဖြင့် ထုံးစံအတိုင်း သူတို့ ၂ ဦးစတင်ကာ အချေအတင်များကြလေတော့သည်။ အနီးမှလူများက သူတို့၏စကားအားကြားရသည့်အခါ၌ ချင်ကျင်းနှင့်တဂျီတို့ကို ငယ်ရွယ်သောအတွဲများသဖွယ် ကြည့်လိုက်ကြသည်။

ထိုက်ပိုင်ကျင်းရှင်းနှင့် ဖဟိုင်တို့မှာတော့ ပြုံး၍ သူတို့၏ ခေါင်းကို ခါရမ်းလိုက်သည်။

တစ်ချိန်တည်းတွင် မဟာကောင်းကင်ဘုံခွေးက မြေပြင်ပေါ်တွင် ပျင်းရိစွာ ၀ပ်တွားလိုက်ပြီး:

"အကဲပိုနေကြတဲ့ စုံတွဲပဲ"

"ဟေး... ဘာပြောလိုက်တာလဲ... သခင်လေးက လူငယ်တစ်ယောက်ပဲရှိသေးတာနော်"

ဂန္တဝင်စနစ်Where stories live. Discover now