တည်းခိုခန်းကိုပြန်လာပြီးနောက်မှာတော့၊ ချင်ကျင်း စားပွဲထိုးတစ်ယောက်ကို ခေါ်ကာ ဝိုင်နဲ့ စားသောက်ဖွယ်ရာ တွေ ပြင်ခိုင်းလိုက်သည်။ ပြီးတော့ ချိန်ရှူးလီနဲ့ စကားပြောဆွေးနွေးကြတော့သည်။ ၂၁ရာစု ကနေ လာခဲ့သူပီပီ၊ ခေတ်ရာစု တွေရဲ့ အချက်အလက်တွေနဲ့၊ အပြင်အဆင် အစီအစဉ်ချတဲ့ နေရာမှာ ဗဟုသုတ ပေါင်းစုံရှိလေရာ ချိန်ရှူးလီတောင် လန့်သွားတာ ၀န်ခံရပေမည်။
ချိန်မြောင်းယင်ကတော့ သူ့ရဲ့အကိုကြီး ပထမဆုံး လူတစ်ယောက်အပေါ်လေးစားနေတာကို မြင်ပြီး၊ ချင်ကျင်း အပေါ်စိတ်၀င်စားမှုတွေက ပိုလို့တိုးလာခဲ့သည်။
မကြာခင်၊ တဂျီနဲ့ ချန်ချင်းချင်းတို့ အောက်ထပ်ကိုဆင်းလာကြကာ၊ ချင်ကျင်းနဲ့ မောင်နှမနှစ်ယောက် ရယ်ရယ်မောမော စကားပြောနေတာကိုတွေ့လိုက်ကြပြီး၊ သူတို့ပါ အတူ ပူးပေါင်းလိုက်ကြသည်။ ချိန်ရှူးလီနဲ့ ချန်ရှောင်းယင်တို့က တဂျီရဲ့ တုနှိုင်းမဲ့တဲ့ အလှကြောင့် မှင်သက်သွားကြပြန်သည်။ ချိန်ရှူးလီက သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်ပြီး၊ ချင်ကျင်း သူတို့ကို တဂျီတို့နဲ့ မိတ်ဆက်ပေးခဲ့သည်။
"မင်းမှာ အင်ပါယာ စာမေးပွဲအတွက် ဘယ်လောက် ယုံကြည်ချက်ရှိသလဲ"
ချင်ကျင်း လက်ဖက်ရည် သောက်ရင်း မေးလိုက်သည်။
"ရာနှုန်းပြည့်ပဲ၊ ကျွန်တော်သက်သေပြနိုင်တယ်"
ချိန်ရှူးလီ ယုံကြည်မှုရှိစွာ ပြုံးပြီးပြောလိုက်သည်။ သူအဆင့် အကောင်းဆုံး ရနိုင်မယ်လို့ မပြောခဲ့ပေမယ့်၊ သူ့ရဲ့ရည်မှန်းချက်ကိုတော့ ရှင်းရှင်းလင်းလင်းကြီး ထုတ်ပြထားသည်။
သူတစ်ခဏတာ တိတ်ဆိတ်သွားပြီး သိလိုစွာဖြင့်မေးလိုက်သည်။ "ခင်ဗျားက တတိယ မင်းသ..."
ချန်ချင်းချင်းနဲ့ ချိန်မြောင်းယင်တို့က အပြည့်အ၀ နားမထောင်လိုက်ရပေမယ့်၊ ချင်ကျင်း ရဲ့ သရုပ်မှန်ကို သူမတို့ သိလိုကြသည်။"ဟားဟား, မင်းသိရင်ဘာလို့မေးနေသေးတုန်းကွ၊ ငါကအခု သနားစရာ အခြေအနေမှာ ရှိနေတယ်။ ဒါပေမယ့် ငါ့အာဏာတွေပြန်ရလာမယ်လို့တော့ ယုံကြည်ချက်ရှိတယ်" တည်းခိုခန်ထဲမှာ ပုန်းနေတဲ့နဂါးတွေ ကျားတွေ ရှိနေမှာစိုးလို့ ချင်ကျင်း ချိန်ရှူးလီရဲ့စကားကို ကြားဖြတ်ပြောလိုက်သည်။
KAMU SEDANG MEMBACA
ဂန္တဝင်စနစ်
Pertualanganဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...