အစောင့်များ၏နောက်မှလိုက်လာပြီးနောက်တွင် ခန့်ညားထည်ဝါသောနန်းတော်ကြီးတစ်ခုကို ချင်ကျင်းမြင်လိုက်ရသည်။ ၁လကြာပြီးနောက်မှာ ငါပြန်လာနိုင်ခဲ့ပြီ... မင်းအေးအေးချမ်းချမ်း အနားယူနိုင်ပါပြီ။
"ဝါး... ဒါက ဘုရင့်နန်းတော်လား... မိုက်လိုက်တာ"
တဂျီ၏ လက်များကို တွဲခိုရင်း လျှောက်လာသော ချန်ချင်းချင်း က စိတ်လှုပ်ရှားစွာပြောလိုက်သည်။ သူ၏စကားကိုကြားသော် မင်းသားများ၏ စိတ်ထဲ၌ ကြိတ်၍ အထင်သေးသွားကြသည်။ သို့သော် သူတို့သာ ချန်ချင်းချင်း၏ သရုပ်မှန်ကိုသိခဲ့ပါက သူတို့၏အတွေးများကို ပြန်လည်ရုတ်သိမ်းနိုင်လောက်ပေသည်။
ချန်ချင်းချင်း၏ ပုံရိပ်မှာ သူတို့ထက် မြင့်မားသည်ဟုပြောမည်ဆိုလျှင်လည်းချဲ့ကားနေခြင်းမဟုတ်ပေ။ မဟာဂိုဏ်းကြီးသုံးဂိုဏ်း၏ ဂိုဏ်းချုပ်များနှင့် ဧကရာဇ်တို့မှာ တန်းတူဖြစ်သည်ဟုပြော၍ရပြီး ချန်ချင်းချင်းသည် မင်းသားများနှင့် ညီတူ မျှတူဖြစ်သည်။ သို့ရာတွင် သူမ၌ ညီအကိုမောင်နှများတစ်ယောက်မှ မရှိကာ တော်၀င်မိသားစုတွင်တော့ မင်းသားများ အများအပြားရှိနေသည်...
ထိုအချိန်တွင် နန်ယုရှင်းရောက်လာပြီး ချင်ကျင်းအား သံသယ အကြည့်များဖြင့် ကြည့်လိုက်သည်။ ထိုအခါ ချန်ချင်းချင်းသည် ရန်သူ တစ်ယောက်အားတွေ့လိုက်ရသည့်အလား ချင်ကျင်းရှေ့တွင် ကြက်မကြီးက ကြက်ကလေးတွေကို ကာကွယ်ပေးသကဲ့သို့ ပိတ်ကာရပ်လိုက်သည်။ ထို့နောက် ခါးထောက်ပြီး မေးလိုက်သည်:
"ချင်ကျင်း၊ နင်ဘာလုပ်ထားတာလဲ... ဘာလို့ ကလေးတစ်ယောက် နင့်အနားကို ကပ်ဖို့ ကြိုးစားလာတာလဲ"
ဖူး--
ဤစကားကိုကြားသောအခါ ချင်ကျင်း ရယ်မိတော့ မတတ်ဖြစ်သွားရသည်။ တဂျီနှင့် ကွမ်ယုတို့၏ ပါးစပ်ထောင့်စွန်းများမှာလည်း တွ့န်ကွေးသွားကြသည်။ ဒီကောင်မလေး ချင်ကျင်းအားမည်သို့ ပြောလိုက်ပါသနည်း။
ထိုအခါနန်ယုရှင်းလည်း မျက်နှာပျက်သွားသည်။
နင်ဘာလို့ ဒါကို လူပုံလယ်မှာ ပြောရတာလဲ... ဘယ်သူက ကလေးလဲ..
YOU ARE READING
ဂန္တဝင်စနစ်
Adventureဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...