"မြို့အရှင်ကြွချီလာပါပြီ"
ချိန်းမိသားစု အိမ်တော်အပြင်ဘက်တွင်၊ စုစုရုံရုံဖြစ်နေသည့်လူများ၏ နောက်မှအသံတစ်သံ ထွက်လာပြီး၊ လူများဘေးသို့ ရှဲသွားကြပြီး လူသွားလမ်းတစ်ခုဖြစ်လာလေသည်။
ထို့နောက်တွင်၊ ချိန်ကျန်းကျန့်နှင့်အတူ စစ်သားများလျှောက်လာကြပြီး၊ လူငယ်သုံးယောက်နှင့် မိန်းမငယ်တစ်ယောက်တို့က နောက်မှ လိုက်လာသည်။ သူတို့ထဲမှနှစ်ယောက်မှာ ချိန်ရှူးလီနှင့် ချိန်မြောင်းယင်တို့ ဖြစ်လေသည်။
အခြားလူငယ်မှာ ချိန်ရှင်းဖြစ်ပြီး၊ ခီန်ကျန်းကျန့်၏ အကြီးဆုံးသားဖြစ်သည်။
"ကျစ်ကျစ်၊ ချိန်းမိသားစုတော့ တစ်ကယ်အဆုံးသတ်ပြီပဲ"
ချိန်ရှင်း ထွက်ပြေးလာသော ချိန်းမိသားစုမှ လူများကိုကြည့်ပြီး မနေနိုင်ဘဲ သူတို့၏ ကံဆိုးမှုကိုရေရွတ်လိုက်သည်။ ချိန်းမိသားစုမှ လူများ ချိန်ကျန်းကျန့်တို့လူစုအားမြင်သောအခါ၊ ခေါင်းငုံ့ကာ လူစုထဲမှ အမြန်ပြေးထွက်သွားကြသည်။
မိုးပြာယစ်ပုလ္လင်မြို့ထဲတွင်၊ ချိန်းမိသားစုနှင့် ချိန်မိသားစုတို့မှာ ကမ္ဘာမကြေရန်ဘက်များဖြစ်သည်ကိုသိကြလေသည်။
ဤသို့သော အခြေအနေတွင် သူတို့သည် ချိန်ကျန်းကျန့်က လက်ကမ်းကူညီမည်ဟုမထင်ပေ။
မဟုတ်လျှင် ခွေးနာ ခဲထိ ဆိုသလိုဖြစ်နေမည်ပင်။
"သူတို့က အရမ်းမိုက်တာပဲ" ချိန်မြောင်းယင် ပြောလိုက်ပြီး ချင်ကျင်းနှင့်အခြားသူများကို ရည်ညွှန်းသည်ဆိုမှာ အားလုံးသိကြလေသည်။
မိုးပြာယစ်ပုလ္လင်မြို့ကို ရောက်လာပြီး တစ်ရက်အကြာမှာဘဲ မြို့၏ အာဏာရှင် ချိန်းမိသားစုအား အမြစ်ဖြတ်သုတ်သင်သွားလေသည်။
၎င်းမှာ အဆင့်မြင့်စွမ်းအားရှင်များ၏ လွှမ်းမိုးမှုပင်လော။
အထူးသဖြင့် တဂျီ၏အလှ ဖြစ်ကာ၊ သူမမှာ သေမျိုးကမ္ဘာသို့ဆင်းသက်လာသော မသေမျိုးနွယ်အလားဖြစ်နေသည်။
"ဟုတ်တယ်၊ ကြည့်ရတာ နိုင်ငံမှာ အပြောင်းအလဲတွေမကြာခင်ဖြစ်လာတော့မယ်ထင်တယ်" ဟု ချိန်ရှူးလီ ပြောလိုက်သည်။
YOU ARE READING
ဂန္တဝင်စနစ်
Adventureဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...