အပိုင်း(၄)

574 39 0
                                    

"အမြန်ပြေးငါတို့နောက်က ဖျက်ဆီးသူက မကြာခင်မှာ လိုက်မှီလာတော့မယ်"

"ငါ့ခြေထောက်တွေအရမ်းနာနေပြီ...."

"အခုက အသက်နဲ့ဆိုင်နေတာကို၊ ခဏအောင့်ထားလို့မရဘူးလား"

သစ်တောလေးအတွင်းမှာတော့၊ ခါးမှာ ဓားချိတ်ထားတဲ့၊ အပြာရောင်၀တ်စုံ၀တ် အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပြေးလွှာနေသည်။ အမျိုးသားက အရပ်ရှည်ပြီးချောမောသလို၊ အမျိုးသမီးကလည်း ဖြူစင်ပြီးလှပသည်။
ဒါပေမယ့် သူတို့ကိုကြည့်ရတာ အတော်လေး ဖရိုဖရဲဖြစ်နေသလို၊ ‌အမျိုးသားရဲ့ နောက်ကျောမှာလည်း ဓားဖြတ်ရာကြီးတစ်ခု ရှိနေခဲ့သည်။ ဒဏ်ရာထဲကနေ သွေးတွေစီးကျနေတာကတော့ ထိတ်လန့်စရာကောင်းလှသည်။ အမျိုးသမီးက ဒဏ်ရာမရထားပေမယ့်လည်း၊ သူမရဲ့ မျက်နှာကဖျော့တော့ပြီး၊ အားအင်ကုန်ခန်းနေပုံရသည်။

ချန်ဟောက် အတော်လေးကို လက်မခံနိုင်ဖြစ်နေသည်။ သူ့ကိုယ်သူ အားအင်မဲ့တဲ့အတွက် အပြစ်တင်နေမိသည်။ အဖမ်းခံရမဲ့ ‌ဘေးကနေ သူ့ရဲ့ ဂျူနီယာကို မကာကွယ်နိုင်ခဲ့ပေ။

ချန်ချင်းချင်း လည်း သူ့စီနီယာအကိုကို တောင်ပေါ်ကနေ ဆင်းဖို့ နားပူနားစာ လုပ်မိတဲ့အတွက်နောင်တ အတိရနေခဲ့သည်။ အပြင်ဘက်ကမ္ဘာက သူမထင်ထားသလို လှပမနေခဲ့ပေ။

သူတို့ရဲ့ ကွဲပြားတဲ့ စိတ်ခံစားမှုတွေနဲ့၊ သူတို့တတ်နိုင်သလောက် သစ်တောထဲကနေ အမြန်ပြေးထွက်‌နေကြသည်။ သူတို့ရေကန်တစ်ခုကိုတွေ့သွားပြီး၊ ကန်ဘေးမှာတော့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ရပ်နေကြသည်။ သူတို့နှစ်ယောက်စလုံးက အဖြူရောင်၀တ်စုံ တွေကို ၀တ်ထားကြပြီးတော့၊ လရောင်အောက်မှာ ထင်းနေခဲ့သည်။ အဲ့ဒီနှစ်ယောက်ကတော့ ချင်ကျင်းနဲ့ တဂျီတို့ပဲဖြစ်သည်။
တဂျီရဲ့ အဖြူရောင်၀တ်စုံကတော့ လှပပေမဲ့၊ ချင်ကျင်း ရဲ့ ၀တ်စုံကတော့ ညစ်ပတ်နေခဲ့သည်။ သူ၀တ်ထားခဲ့တာက အကျဉ်းသား၀တ်စုံကြီးကိုး။

ချင်ကျင်းတို့ နှစ်ယောက် အတူတူရပ်နေသောအခါ တစ်ယောက်နဲ့တစ်ယောက် မသက်ဆိုင် သယောင်ပင် ဖြစ်နေခဲ့သည်။

ဂန္တဝင်စနစ်Donde viven las historias. Descúbrelo ahora