အပိုင်း (၇၃)

299 27 0
                                    

ယွဲ့ဘုရင်ရှုံးတော့မည်လော..

လူတိုင်းမှာ အသက်အောင့်ထားလျက်ရှိကြသည်။ ဓားမှာအလွန်လျှင်မြန်လှပြီး ချင်ကျင်းအား အသာထား၍ သူတို့ပင် မရှောင်နိုင်လောက်ဟုခံစားနေကြရသည်။

ရုတ်တရက် လျှပ်စီးအလင်းတစ်ချက်နှင့်အတူ ချင်ကျင်း၏ ခန္ဓာကိုယ် အလျှင်အမြန်ကျုံ့သွားပြီး ကျိုးချန်းကျီ၏ အန္တရာယ်များသောဓားချက်မှ လွတ်မြောက်လာလေသည်။

တစ်ချိန်တည်းတွင် ငွေနဂါးစိတ်ဝိညာဉ်ပြစ်ဒဏ်ခတ်ခြင်းလှံကို ချင်ကျင်း လက်တစ်ဖက်တည်းဖြင့်ကိုင်ကာ ကျိုးချန်းကျီကို ထိုးလိုက်သည်။ ကျိုးချန်းကျီ ၎င်းကိုမတားဆီးလိုက်နိုင်တော့။

ဟွ...

ကျင့်ကြံသူများအံ့အားသင့်သွားကြရလေပြီ။ ကျိုးချန်းကျီ၏ ဓားလက်မှ ချင်ကျင်းလွတ်သွားခဲ့သည်။

တစ်ချိန်တည်းတွင် လူအိုကြီးကျောင်းနှင့် တဂျီတို့ မျက်မှောင်ကြုတ်လိုက်ကြသည်။သာမန်အမြင်အရဆိုပါ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ်အဆင့် ၇ မှာ ထိုဓားကွက်မှ လုံး၀ ‌လွတ်မြောက်နိုင်လိမ့်မည်မဟုတ်။ သို့သော် ချင်ကျင်းသည်တော့ လွတ်မြောက်သွားခဲ့သည်။ ၎င်းမှာအနည်းငယ်ရှုပ်ထွေးသော်လည်း သူလုပ်ပြသွားနိုင်ခဲ့သည်။

စင်စစ်မှာ ကျိုးချန်းကျီသည်လည်း ဓားချက်ကိုပြန်၍ရုတ်သိမ်းရမည်သာဖြစ်သည်။ ချင်ကျင်းမှာ ယွဲ့ဘုရင်ခံ မင်းသားတစ်ပါးဖြစ်သည်။ အကယ်၍ ချင်ကျင်း၏ ခေါင်းကိုသာ သူဖြတ်လိုက်ပါက တော်၀င်မိသားစုနှင့် ဝိဥာဉ်အထူးပြုဂိုဏ်းတို့ သေသေကျေကျေ တိုက်ခိုက်ကြရလိမ့်မည်ဖြစ်သည်။ ထို့နောက် ခရမ်းအလင်းဂိုဏ်းနှင့် လောင်ကျွမ်းချိုင့်ဝှမ်းတို့က ရသမျှ အခွင့်အရေးကိုယူကြလိမ့်မည်။ ၎င်းက ဝိဥာဉ်အထူးပြုဂိုဏ်းအား ပျက်စီးသည်အထိ ဖြစ်စေနိုင်သည်။

သို့ရာတွင် ချင်ကျင်း ပုန်းကွယ်သွားခဲ့သည်။ အကယ်၍ သူအနိုင်ရသွားခဲ့လျှင်ပင် ကောင်းကင်လနိုင်ငံ၏ နံပါတ် ၁ ပါရမီရှင်က လူရယ်စရာဖြစ်သွားပေလိမ့်မည်။

ချင်ကျင်းမှာ အသက် ၁၆ နှစ်သာရှိသေးသည်ဖြစ်ပြီး၊ သူ၏အသက်အရွယ်သို့ရောက်လာသည့်အခါတွင် သေချာပေါက် သူ့အား အနိုင်ယူနိုင်လိမ့်မည် ဖြစ်သည်။

ဂန္တဝင်စနစ်Donde viven las historias. Descúbrelo ahora