"မြေကမ္ဘာမသေမျိုးနယ်ပယ်က ဗလာအသွင်ပြောင်းခြင်းနယ်ပယ်ရဲ့အထက်ကလား"ချင်ကျန်းသူ့စိတ်ထဲကနေမေးလိုက်သည်။ ထို့အပြင် သူ့မျက်လုံးတွေကတော့ အရောင်တွေ တောက်ပနေခဲ့သည်။ သူဒဏ္ဍာရီလာ မဟာကောင်းကင်ဘုံခွေး ဟာဘယ်လိုပုံသဏ္ဍာန်ရှိလဲဆိုတာကို မသိဘူးလေ။
ချန်ဟောက် နဲ့ ချန်ချင်းချင်းတို့ကတော့ အသစ်တွေ တွေ့လေ အံ့ဩလေ ဖြစ်နေတော့သည်။ သူတို့နဲ့ ဘုရားသကြား မပေလို့ ဆန့်ကျင်ဘက် ရန်သူမဖြစ်ခဲ့တာကို ကျေးဇူးတင်နေသည်။
"ဟုတ်ပါတယ်"
စနစ်က စကားတစ်ခွန်းကို ရွှေလိုသဘောထားသလို မဖြေချင်ဖြေချင်နဲ့ပဲ ဖြေပေးနေသည် ။ ချင်ကျင်း မနေနိုင်တာကြောင့် ထပ်ပြီးမေးလိုက်သည်။
"မြေကမ္ဘာမသေမျိုးအထက်ကရော"
"သင့်အနေနဲ့ အရည်အချင်းမပြည့်မှီသေးပါ"
ချင်ကျင်း ပြောစရာစကားမဲ့သွားသည်။ ဒီစနစ်က သူ့ကိုယ်သူ အရမ်းဂုဏ်တင် မနေလွန်းဘူးလားဟေ။
ထို့နောက် သူဆက်ပြီးမေးလိုက်သည်။
"ငါ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုဘယ်လိုကြည့်ရမှာလဲ၊ မဟာကောင်းကင်ဘုံခွေးကကော ဘယ်အချိန်မှာလာမှာလဲ"
မဟာကောင်းကင်ဘုံခွေးကသန်မာလွန်းတယ်
စူပါသက်တော်စောင့်အဆင့်ဟ
သူ မဟာ့ကောင်းကင်ဘုံခွေးကို မြင်ရဖို့မစောင့်နိုင်တော့ပေ။
ချင်ကျင်း ရဲ့ မေးခွန်းဆုံးသွားတာနဲ့၊ အလင်းရောင် ကားချပ်တစ်ခုဟာ သူ့အရှေ့မှာပေါ်လာခဲ့သည်။
"စနစ်ရှင်: ချင်ကျင်း"
"မျိုးနွယ်: လူသားမျိုးနွယ်"
"အဆင့် : အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ် စတုတ္ထ အလွှာ [(၁၂၁/၄၀၀၀](tel:1214000) အတွေ့အကြုံရမှတ်)"
"သွေးကြော: မရှိ"
"နတ်စွမ်းရည်: မရှိ"
"ကျင့်ကြံခြင်းနည်းစနစ်: ချီသန့်စင်ခြင်းနည်းစနစ်(လူသား အတန်းအစား အလယ် အလတ်အဆင့်)"
YOU ARE READING
ဂန္တဝင်စနစ်
Adventureဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...