အပိုင်း (၈၆)

332 33 0
                                    

ခရမ်းရွှေဧကရာဇ်ချပ်၀တ်..

ဘော... ဘာနာမည်ကြီးတုန်းဟ..

ချင်ကျင်း ၏မျက်နှာ မည်းမှောင်သွားသည်။ သို့သော်ငြား အရှေ့ပင်လယ်နဂါးနန်းတော်သည်တော့ သူ၏ စိတ်၀င်စားမှုကို ရရှိသွားသည်။ ကောင်းကင်ဘုံပညာရှိစွန်း ၏ ရွှေတုတ်ချောင်းမှာလည်း အရှေ့ပင်လယ်နဂါးနန်းတော်မှ ရရှိခဲ့ခြင်းဖြစ်သည်။ ချင်ကျင်း၏ ငွေနဂါးစိတ်ဝိညာဉ်ပြစ်ဒဏ်ခတ်ခြင်းလှံလည်း ထို့အတူပင်။

အနောက်ဘက်သို့ခရီးသွားခြင်း၌ အရှေ့ဘက်ပင်လယ်နဂါးနန်းတော်ကို ကမ္ဘာတစ်ခုလုံး၏ နတ်လက်နက်များစုစည်းရာဟု ဖော်ပြထားသည်။ ကံမကောင်းစွာဖြင့် ထိုမှော်လက်နက်များ နဂါးနန်းတော်တွင် ရှိမနေကြ၍သာ၊ မဟုတ်ပါက စွန်းဝူခုန်းမှာ သူတို့ကို မည်သို့ အနိုင်ကျင့်နိုင်ပါမည်နည်း။

"နတ်ဘုရားနဲ့ မိစ္ဆာကို ဆက်ဆင့်ခေါ်မယ်"

ချင်ကျင်း ဆက်၍ပြောလိုက်သည်။ ဆင့်ခေါ်ခြင်းသည်တော့ အဆင့်ကောင်းကောင်းရမှဖြစ်မည်။

ဖဟိုင်ကို ဖိနှိပ်နိုင်သည့်လူကို ဆင့်ခေါ်နိုင်ရမည်။

"ဒင်၊ နတ်ဘုရားနှင့်မိစ္ဆာကို ဆင့်ခေါ်နေပါပြီ..."

ကောင်းကင်ဘုံပညာရှိ..

အားလျန်ရှန်..

ကြီးမြတ်သော နတ်ဘုရား ဖန်ကူ..

အဟွတ်အဟွတ်... နောက်ဆုံးနာမည်က သူ့အတွက်ကြီးမားလွန်းသည်။ အကယ်၍ သူသာထွက်လာပါက ဤကမ္ဘာကြီးကိုပင် ချင်ကျင်း သိမ်းပိုက်သွားနိုင်လောက်သည်။ သို့ပေမယ့် ချင်ကျင်း၏ ခွန်အားမှာတော့ ဖန်ကူ ကိုကျေနပ်စေနိုင်မည် မဟုတ်ပေ။

"ဒင်၊ စနစ်ရှင်မှ အနောက်ဘက်သို့ ခရီးသွားခြင်းမှ ထိုက်ပိုင်ကျင်းရှင်းကို ဆင့်ခေါ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါတယ်။"

ဘော...ဘော.. နောက်ဆုံးတော့ တကယ့် နတ်ဘုရားထွက်လာပြီပေါ့...

ထီ ၁ သန်းစု ပေါက်သွားသည့်အလား ချင်ကျင်းစိတ်လှုပ်ရှားသွားသည်။ ထိုက်ပိုင်ကျင်းရှင်း၏ ရေပန်းစားမှုမှာ မနိမ့်ကျပေ။ လူအများမှာ သူ၏ ခွန်အားကို နားမလည်ကြသော်ငြား သူသည် စွန်းဝူခုန်းကိုပင် ခေါင်းကိုက်စေဖူးသည်။

ဂန္တဝင်စနစ်Onde histórias criam vida. Descubra agora