အပိုင်း (၅၅)

345 29 0
                                    


"လူကြီးတွေ စကားပြော နေချိန်မှာ သားတော်က ၀င်ရှုပ်ဖို့ မသင့်တော်ပါဘူး"

ချင်ကျင်းက ရိုသေလေးစားသမှုနှင့်ပြောလိုက်သည်။ ချင်ကျင်းအပေါ်ထားရှိသော ဧကရာဇ်၏ စိတ်နေစိတ်ထားကြောင့်အပြန်အလှန်အနေဖြင့် ဧကရာဇ်ကန်းအပေါ်ရှိသူ၏ စိတ်များကိုလည်း ပြောင်းလဲသွားစေပြီး သူ့စကားများကို အတတ်နိုင်ဆုံး ယဉ်ကျေးစွာ ပြောလိုက်၏။

ဤသို့ပြုလုပ်သည်မှာလည်းမှန်ပေသည်။ မည်သို့ပင်ဖြစ်ပါစေ ဧကရာဇ်သည် သူ့ကို အလွန်ချစ်မြတ်နိုးလေသည်။ ထို့ကြောင့် သူကလည်း အတတ်နိုင်ဆုံး ဧကရာဇ်ကန်းအပေါ်ကို ရိုသေလေးစားရပေမည်။ဧကရာဇ်ကန်း နတ်ရွာစံပါကလည်း သူနန်းတက်ရမည်ဖြစ်သည်။

"ဒါဆိုရင်လည်း ကိုယ်တော်က သားတော်ကို စကားပြောခွင့်ပေးတယ်"

ချင်ကျင်းအား ဧကရာဇ်ကန်းပြန်၍ပြောလိုက်၏။

"ဒင်၊ အရန်မစ်ရှင် - ထူးချွန်စွာ ညှိနှိုင်းခြင်း : နှစ်နိုင်ငံဆွေးနွေးပွဲတွင် ထူးချွန်စွာ သရုပ်ပြပြီး ဧကရာဇ်ထံမှ ချီးမြှောက်ခြင်းကို ခံယူပါ..မစ်ရှင်အောင်မြင်ပါက အတွေ့အကြုံအမှတ် ၅၀၀၀ ရရှိပါမည်"

အရန်မစ်ရှင်အား ဆွဲထုတ်လိုက်နိုင်သောကြောင့် ချင်ကျင်း မျက်တောင်ခတ်လိုက်သည်။ ကြည့်ရသည်မှာ သူ့ခမည်းတော်သည် သူ့အပေါ် မျှော်လင့်ချက် များစွာထား ထားဟန်ရ၏။

အတွေ့အကြုံအမှတ် ၅၀၀၀ သည် သူ့အတွက် အဆင့်တက်သွားစေရန် လုံလောက်သည်။

ထို့နောက်မသိမသာဖြင့် သူ့ဘေး၌ ရပ်နေသော ချင်ယွီကို ကြည့်လိုက်သောအခါ ဤအကောင်သည် သူ့အား သုန်မှုန်စွာကြည့်နေသည်ကို တွေ့လိုက်၏။ ထိုအခါ ချင်ယွီအား ပုခုံးဖက်လိုက်ပြီး သူပြောသည်:

"ပဉ္စမ ညီတော်... မတွေ့တာကြာပြီနော်... အကိုတော် မင်းကို သိပ်လွမ်းနေတာ"

စကားပြောနေရင်းမှ တင်းကျပ်စွာ ဖက်လိုက်သောကြောင့် ချင်ယွီ အသက်ရှုမရ ဖြစ်သွားသည်။

အခြေခံ အုတ်မြစ် တည်ဆောက်ခြင်း နယ်ပယ် အဆင့် ၆ ကျင့်ကြံသူသည် ချင်ယွီလို ချီသန့်စင်ခြင်း အဆင့် ၈ ကျင့်ကြံသူအား အလွယ်တကူ ‌ချေမွပစ်လိုက်နိုင်သည်။

ဂန္တဝင်စနစ်Onde histórias criam vida. Descubra agora