အပိုင်း (၂၂)

393 36 0
                                    

"စီနီယာအကိုကြီး ချန်ဟောက်နဲ့ ဂျူနီယာ ညီမလေးချင်းချင်းတို့ပြန်လာကြပြီပဲ.. မင်းတို့ဘယ်ကိုသွားနေကြတာတုန်း"

"ဝိုး...ဝိုး အဲ့ဒီအမျိုးသမီးက ချောချက်ကွာ"

"ခွေးတစ်ကောင်က ဘယ်တုန်းက တောင်ပေါ်ကို တက်လာဖို့ခွင့်ပြုချက်ရသွားတာတုန်း"

"ဂျူနီယာ ချင်းချင်းနဲ့ စကားပြောနေတဲ့သူ ဘယ်ကကောင်တုန်းကွ ဘယ်လိုလုပ် ငါ့နတ်ဘုရားမလေးဘေးမှာ မတ်တပ်ရပ်နေရဲတာလဲ"

"သူက မရိုးရှင်းဘူးဟ သူ့အော်ရာတွေက... ဠီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ်ကြီး"

ကျောက်လှေကားအတိုင်း တက်သွားသည့်လမ်းတစ်လျှောက်တွင် ဝိညာဉ်အထူးပြု ဂိုဏ်းသားများက တီးတိုးတီးတိုး ‌ပြောနေကြသည်။ ချန်ချင်းချင်းကတော့ ၎င်းကိုမမြင်သည့်အလား ချင်ကျင်း နှင့် ရယ်ရယ်မောမော စကားပြောနေလျက်ရှိသည်။အဲ့ဒီအချိန်မှာတော့ ချန်ဟောက်သည် အလွန်အင်မတန် ရှက်ရွံ့နေတော့သည်။

သူ့ထင်မြင်ချက်အရ၊ ချန်ချင်းချင်းသည် သူ့ကိုလက်ထက်လိမ့်မည်ဟု ဖြစ်သည်။ သို့ပေမယ့် ယခုသူမသည် အခြားယောက်ျားလေးတစ်ယောက်နှင့် ရယ်မောပျော်ရွှင်စွာ စကားပြောမေလျက်ရှိ၏။ သူ၏ ယောက်ျားသိက္ခာမှာ ဘုရားဖူးထွက်သွားသည်ဟုပင် ခံစားလိုက်ရသည်။

အမှန်တစ်ကယ်အရ ဘေးနားမှ လူများမှာ သူ့အကြောင်းကို ဂရုမစိုက်ကြပေ။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့တို့်ကိုယ်သူတို့ ကောင်းကင်မှ မွေးဖွားကာ မြေကမ္ဘာကြီးက သူတို့ကို ပျိုးထောင်သည်ဟု ၀န်မခံကြချေ။

ဝိညာဉ်အထူးပြုဂိုဏ်းရှိ ယောက်ျားလေး ဂိုဏ်း၀င်များမှာ ချန်ချင်းချင်းကို သိမ်းပိုက်နိုင်ရမည်ဟု အားခဲထကြသည်မဟုတ်ပါလော။

ချင်ကျင်း ဘေးပတ်၀န်းကျင်သို့ကြည့်လိုက်သောအခါ ဝိညာဉ်အထူးပြုဂိုဏ်း၏ အဆောက်အဦးများရဲ့ ထူးခြားချက်ကိုတွေ့လိုက်ရသည်။ ၎င်းတို့မှာ တရုတ်တာအိုဘုရားကျောင်းများဖြင့်ပင် ဆင်တူလေသည်။ သို့ရာတွင် အရွယ်အစား ပိုကြီပြီး ပိုလှပလေသည်။ လေထုထဲတွင်လည်း နှစ်သက်ဖွယ် အနံများဖြင့် ပြည့်နေပြီး၊ ညရောက်ရန် နီးကပ်လာခဲ့သောကြောင့် ဘေးဘက် စင်နှစ်ခုမှ ကျောက်တုံး မီးအိမ်များ ထွန်းလင်းထားပုံမှာ ပုံ‌ရိပ်ယောင်နှင့်ပင်ဆင်နေလျက်ရှိသည်။

ဂန္တဝင်စနစ်Where stories live. Discover now