အပိုင်း(၂၇)

388 32 0
                                    

အတွေ့အကြုံအမှတ်၁၀၀၀တောင်လား

သူတစ်ဦးတည်းကို အနိုင်ယူနိုင်သည်နှင့် အဆင့်တက်သွားနိုင်မည် ဖြစ်သောကြောင့် ချင်ကျင်းကျိုးချန်ကျီကို ပြုံးကာကြည့်လိုက်မိသည်။

"ဘာလဲ မင်းလက်မခံရဲဘူးလား။ စိတ်မပူပါနဲ့  ငါမင်းကိုတွန်းအားမပေးပါဘူး" ကျိုးချန်းကျီ မျက်ခုံးကိုပင့်ကာ ပြုံး၍ပင် ပြောလိုက်သည်။

ထိုအခါ ချင်ကျင်း ထိုလူ့အား မျက်ခုံးများကျဉ်းလျက်ကြည့်လိုက်သည်။ ဒါကနေရခက်လိုက်တာဟ။

သို့ရာတွင် သူ့တွင် ရှိသောကောင်းကင်ဘုံနတ်ဝိညာဉ်အသွင် ၃၆ပြောင်းလဲခြင်း မျိုးကို ပြန်သတိရလိုက်တော့သည်။

"ငါမှော်လက်နက်တွေ ကောသုံးလို့ရလား" ချင်ကျင်း ပြုံးကာမေးလိုက်သည်။

"ရတာပေါ့" ကျိုးချန်းကျီ ဂုဏ်ယူစွာပြောလိုက်သည်။ မည်သည့်အရာ၀တ္ထုမဆို တစ်ကယ့် ခွန်အားအောက်တွင် တိမ်တိုက်များသာဖြစ်သည်။ ထို့ကြောင့် သူချင်ကျင်းကို မှော်လက်နက် အသုံးပြုခွင့်ပေးလိုက်နိုင်သည်။

ချန်းထျန်ယိုနှင့်အခြားသူများ အနည်ငယ်စိတ်လှုပ်ရှားနေကြသည်။ သူထံတွင် ‌ဗလာအသွင်ပြောင်းခြင်းနယ်ပယ် စွမ်းအားရှင်ပင် ရှိနေသောကြောင့် သူ၏ မှော်လက်နက်မှာလည်း ထူးခြားသည့် အရာသာဖြစ်ရမည်။

ထို့ကြောင့် သူတို့ မြေကမ္ဘာအဆင့်မှော်လက်နက်ပင် ထုတ်ယူသုံးစွဲမှာ ဖြစ်နိုင်သည်။

ကျိုးချန်းကျီ၏ ဓားသည် နတ်ဝိညာဥ်အဆင့် မှော်လက်နက်ဖြစ်ကာ သူ၏မှော်အစွမ်းတွင် ဆရာကျမှုနှင့်ဆိုလျှင် ရွှေဗဟိုနယ်ပယ်သို့၀င်ရောက်ကာစစ စွမ်းအားရှင်ဖြင့်ပင် အတန်ကြာအောင် တိုက်ခိုက်နိုင်လေသည်။

"ကောင်းပြီလေ ဘယ်မှ တိုက်ခိုက်ကြမှာလဲ" ချင်ကျင်း စောင့်မနေတော့ဘဲ မေးလိုက်သည်။

အဲ့ဒီအချိန်တွင်ချန်ချင်းချင်း သူ့ကိုစိုးရိမ်စွာကြည့်လိုက်သည်။ သူမက စိတ်လျော့ဖို့ပြောချင်ပေမယ့် ချင်ကျင်းနှင့် ကျိုးချန်းကျီတို့ နှစ်ဦးစလုံးက ယုံကြည်မှုများဖြင့် ပြည့်နေသောကြောင့် သူမစကားမပြောဖို့သာ ဆုံးဖြတ်လိုက်သည်။

ဂန္တဝင်စနစ်Where stories live. Discover now