"ပဉ္စမ ညီတော် မင်းဘာပြောလိုက်တာလဲ"ချင်ယွင် အော်လိုက်သည်။ သူနှင့် ချင်ကျင်းကြား ဆက်ဆံရေးကို သာမန်ဟုသာ တွက်ဆနိုင်သော်လည်း ချင်ယွီလိုတော့ သွေးသားရင်းဖြစ်သည့် ညီအစ်ကို ကိုသတ်ဖြတ်ဖို့ရန်ဆန္ဒမရှိ။
သို့သော် ချင်ယွီနှင့် ချင်ကျင်းတို့သည်တော့ ထိုသို့လုပ်နိုင်လောက်သည်။
ချင်ယွင်သည် ငတုံးမဟုတ်ပေ။ ချင်ယွီနှင့် ယှဉ်လျှင် ချင်ကျင်းကို သူပို၍သဘောကျသည်။ ချင်ကျင်းမှာ သူ့အား ညီအကိုတစ်ဦးလို ဆက်ဆံပြီး ချင်ယွီလို မရှိသည့်လူအလား မပြစ်ပယ်ထားပေ။
"မင်းတို့ ဘာကြောင်နေတာလဲ... သွားလေ"
ချင်ယွီကို စိုက်ကြည့်ပြီးနောက် ကျားရွှမ်ကြိမ်းလိုက်သည်။ထိုအခါ စစ်သည်များ ချက်ချင်း သတိပြန်၀င်လာကြသည်။ သို့သော်ငြား သူတို့ ပြေးသွားတော့မည့်အချိန်၌ ရုတ်တရက် တဂျီပျောက်ကွယ်သွားပြီး မီးခိုးရောင်ဝံပုလွေရှေ့တွင် ပြန်ပေါ်လာခဲ့၏။
ထို့နောက် သူမ၏လက်ညိုးဖြင့် မီးခိုးရောင်ဝံပုလွေ၏ နဖူးထိပ်ကို ညင်သာစွာ တောက်လိုက်သည်။ရုတ်တရက် ဤကြီးမားသော မီးခိုးရောင်မိစ္ဆာဝံပုလွေကြီး သဲအိတ်တစ်အိတ်ကဲ့သို့ မီတာ၂၀ ကျော်အထိ လွင့်စင်သွားပြီး သစ်ပင်တစ်ပင်နှင့် သွား၍တိုက်မိလေသည်။
တိတ်ဆိတ်ငြိမ်သက်ခြင်း..
ချင်ကျင်းနှင့် မဟာကောင်းကင်ဘုံခွေးတို့မှလွဲ၍ ကျားရွှမ်နှင့် ချင်ယွီအပါအ၀င် လူတိုင်းပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
ဘော..
ထိုမိစ္ဆာသားရဲမှာ ဒဏ်ရာအပြင်းအထန်ရထားသည်ဟုဆိုသော်လည်း ရွှေအမြုတေနယ်ပယ်ဖြစ်နေတုန်းပင်။
ထို့ပြင် အရွယ်အစားမှာလည်း ကြီးမားလှသည်။
သို့သော် ၎င်းမှာ အားနည်းဟန်ရသည့် တဂျီကြောင့် လွင့်ထွက်သွားခဲ့လေပြီ။ သူတို့ ၏ကမ္ဘာကြီးအပေါ်ရှုမြင်ပုံများ ဗျောင်းဆန်ကုန်ကြသည်။
ထို့နောက် တဂျီမှ ရှဟို့အန်းအား သတ်လိုက်သည်ဟူသော ကောလာဟလကို သူတို့ သတိရသွားကြသည်။ ၎င်းမှာ အမှန်တကယ်ပင်..
ESTÁS LEYENDO
ဂန္တဝင်စနစ်
Aventuraဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...